APM၊ ဂျုန် ၁၈/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)သို့တာဝန်ထမ်းဆောင်ရန်ဝင်ရောက်လာလူ အလွန်များပြားနီ၍ စနစ်တကျနန့် ချင့်ချင့်ချိန်ချိန် လက်ခံနီရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ဆိုသည်။
လက်ဟိ ULA/AAအပေါ် ထောက်ခံမှုနန့်ပတ်သက်၍ ဂျုန် ၁၄ သတင်းစာယှင်းလင်းပွဲတွင် ULA/AA ပြန်ကြားရီး တာဝန်ခံ ဆရာ ဦးခိုင်သုခက “တပ်ထဲကို တာဝန်ထမ်းဆောင်ဖို့အတွက် လာကတ်တေလူငယ်တိ အရေအတွက်ရေ များလွန်းအားကြီးလို့ ကျနော်ရို့မှာ စနစ်တကျနန့် ချင့်ချင့်ချိန်ချိန် လက်ခံနီရရေ အနီအထား ဖြစ်ပါရေ”ဟု ပြောဆိုသည်။
ယင်းအပြင် “တပ်ပိုင်းဆိုင်ရာကို သော်လည်းကောင်း၊ ကျနော်ရို့ ULA ပါတီအပိုင်းကို သော်လည်းကောင်း၊ ကျနော်ရို့ ပြည်သူ့အစိုးရ၏ အကျင့်စာရိတ္တတိ၊ စည်းကမ်းလိုက်နာမှုတိကို ကျနော်ရို့ အကောင်းဆုံးဖြစ်လာဖို့အတွက် ကြိုးစား နီစွာတိ ဟိပါရေ။ မှားယွင်းမှုမဟိလားဆိုကေ မှားယွင်းမှုကတော့ခါ တစုံတရာ ဟိကောင်းဟိနိုင်ပါရေ။ သိုသော်လေ့ ယင်းချင့်တိကို စနစ်တကျနန့် မှန်မှန်ကန်ကန် အရေးယူပနာ ပြည်သူ့အကျိုးကို အကောင်းဆုံး ဆက်လက်ပြီးကေ သယ်ပိုးဆောင်ရွက်နိုင်ဖို့အတွက် ကျနော်ရို့ ကြိုးစားနီပါရေ”ဟုလေ့ ဆရာ ဦးခိုင်သုခက ယှင်းလင်းပြောကြားလားခ ပါသည်။
