APM ၊ မေ ၁၈/၂၀၂၄
ဘူးသီးတောင်မြို့က အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းတိအားလုံး တခုမကျန် အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း ဒေနိမေ ၁၈ ရက်နိမာ အာရက္ခတပ်တော်(AA)ကသတင်းထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်အရ “ဘူးသီးတောင်မြို့ဟိ အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတိနန့်ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊အမြောက်တပ်၊ထောက်ပို့တပ်ရင်းနန့်ဒကစ(စစ်တွေ) လက်အောက်ခံဘူးသီးတောင်အခြီစိုက် တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ မေလ(၁၈)ရက်နိ၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တခုမကျန် သိမ်းပိုက်ရဟိပြီးဖြစ်သည်”လို့ ဖော်ပြထားပါရေ။
အာရက္ခတပ်တော်(AA)က ဒေနိ၊မေ ၁၈ ရက်နိ ၊အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးသိမ်းပိုက်ရဟိထားရေ စခန်းတိမာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ(၃၇၈)၊ ခမရ(၂၃၄)၊ခမရ(၃၄၅)၊ခမရ(၃၅၂)တပ်ရင်း၊အမြောက်တပ်၊ထောက်ပို့တပ်ရင်းနန့်GE တပ်ရင်းရို့ ဖြစ်တေလို့ ဖော်ပြထားပါရေ။
မေ ၁၄ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ခမရ( ၃၅၃)၊ခမရ(၅၃၅)၊ခမရ(၂၆၃)နန့် ခမရ( ၂၃၃)စရေ တပ်ရင်း(၄)ရင်းကို သိမ်းပိုက်ရဟိထားပြီးဖြစ်ပါရေ။
ယင်းအပြင် မေ ၁၃ ရက်နိက နခခ( ၃)ကိုလည်းကောင်း၊ မေ (၁၆)ရက်နိမာ နခခ( ၈) စခန်းကိုလည်းကောင်း အာရက္ခတပ်တော် (AA) က အသီးသီးသိမ်းပိုက်ရဟိထားပြီးဖြစ်ပါရေ။
တပြိုင်နက်တည်းမာ အဆိုပါဗျူဟာကုန်းနန့်တပ်ရင်းတိကထွက်ဗြီးနီကတ်တေ အကြမ်း ဖက်စစ်ကောင်စီ၏ တပ်သားတိနန့် စစ်ကောင်စီဘားကသင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနန့် ပူးပေါင်းပနာ မိမိရို့ကို တိုက်ခိုက်နီရေ စစ်သွီးကြွဘင်္ဂလီတပ်ဖွဲ့ဝင်တိကိုလည်း မိမိရို့ အာရက္ခတပ်တော်အနီနန့် လိုက်လံယှင်းလင်း သုတ်သင်တိုက်ခိုက်လျက်ဟိရေလို့ ဆိုပါရေ။
ယင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ကစဉ့်ကလျားခြီဦးတည့်ရာနန့်သူရို့လွတ်မြောက်ဖို့လို့ ထင်ရရေ နီရာတိကို ထွက်ဗြီးလို့ ဟိနီရေအတွက် ဘူးသီးတောင်မြို့နယ်အတွင်း နီထိုင်ကတ်တေ အာရက္ခပြည်သူ/သားရို့အနီနန့်အထူးသတိထားနီထိုင်ကတ်ဖို့ကိုလည်း အာရက္ခတပ်တော်က သတိပီးနှိုးဆော်ထားပါရေ။