
APM ၊ မေ ၁၈/ ၂၀၂၄
သံတွဲမာ ဒေနိ၊မေ ၁၈ ရက်၊ မိုးထက သံတွဲမြို့နယ် ရွှီလှီရွာနန့် ကျောင်းကုန်းရွာနားမာ အာရက္ခတပ်တော်နန့် အကြမ်းဖက် စစ်ကောင်စီရို့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခပြီးကေ အကြမ်းဖက်စစ်ကောင်စီဖက်က အထိနာနီရေလို့သိရပါရေ။
ဒေနိ ၊မေ ၁၈ ရက်နိ၊မိုးထ ၅ နာရီ ၃၀ မိနစ်လောက်က အာရက္ခတပ်တော်နန့် အကြမ်းဖက်စစ်ကောင်စီရို့ တိုက်ပွဲဖြစ်ပွားခပြီး၊ ယင်းတိုက်ပွဲမာ အထိနာနီရေ အကြမ်းဖက်စစ်ကောင်စီစွာ တိုက်ပွဲဖြစ်ပွားနီရေနီရာသို့ ၎င်းရို့အခြီပြုထားရေ ပြည့်ချောင်းတိုက်နယ်၊ မြုံပြင်ရွာနားက ဆန္ဒတော်ပြည့်ဘုရားတောင်ကုန်းနန့် ဘားတောင်းတောင်စစ်ဆီးရီးဂိတ်က လက်နက်ကြီးနန့် တချိန်လုံးပစ်ကူပီးနီရေလို့ ဒေသခံတိကဆိုပါရေ။
အလားတူ ခမောင်းတုန်းရွာနန့်ကျောက်ဖြူမော်ရွာကြားမာ ရပ်တန့်ထားရေ အကြမ်းဖက်စစ်ကောင်စီ နေဗီက လက်နက်ကြီးပစ်ကူပီးရေပိုင် လီကြောင်းက ဂျက်ဖိုက်တာနန့် ပစ်ကူပီးခပါသိမ့်ရေ။
အကြမ်းဖက်စစ်ကောင်စီစွာ တိုက်ပွဲအတွင်းပိတ်မိပနာ အယှုံးနန့်ရင်ဆိုင်နီရရေ သူရို့၏ တပ်ဖွဲ့တိအတွက် ကြည်း၊ ရီ၊ လီပစ်ကူပီးနီရေပိုင် Y-12 လီယာဉ်နန့် ရိက္ခာတိချပီးခရေလို့လည်း သိရပါရေ။
တိုက်ပွဲမာ ကြောက်ကြီးသန်ဖက်ကျပြီကေအယှုံးနန့် ရင်ဆိုင်နီရရေ အကြမ်းဖက်စစ်ကောင်စီတပ်စွာ လက်နက်ကြီးတိနန့် အပါးဟပ်စပ်ရပ်ရွာတိကို ပစ်ခတ်လို့ ကျောင်းကုန်းရွာနန့် ရွှီလှီရွာ အနားမာကျရောက် ပေါက်ကွဲခရေလို့သိရပါရေ။
