
APM ၊ ဧပြီ ၁၈ / ၂၀၂၄
မာန်အောင်မြို့နယ်၊ သစ်ပုံရွာ၊ ရပ်ကွက်နှစ်ခုက လူနီအိမ် ၂၀၀ ကျော်ကို ဧပြီ ၂၅ ရက်နိနောက်ဆုံးထားပနာ အပြင်းရွှိပြောင်းပီးကတ်ဖို့ အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မဖိအားပီးနီရေလို့ သိရပါရေ။
ယင်းသစ်ပုံရွာမာ အနောက်ပါးရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ ကွမ်းသီးတောရပ်ကွက်နန့် ပလ္လင်တောရပ်ကွက်စရေ ရပ်ကွက် (၄) ခုဟိပြီးကေ အိမ်ခြီ ၆၃၉ ဆောင်ဟိပါရေ။
လက်ဟိ အကြမ်းဖက်စစ်ကောင်စီက အတင်းအဓမ္မ ရွှိပြောင်းခိုင်းနီရေ ရပ်ကွက်နှစ်ခုကတော့ အနောက်ပါးရပ်ကွက်နန့် ငှက်ပျောတော ရပ်ကွက် ဖြစ်ပြီးကေ အိမ်ခြေ ၂၀၀ ကျော်ဟိရေလို့ သိရပါရေ။
ယင်းရပ်ကွက်နှစ်ခုကို ဒေနိ မိုးထ ၁၁ နာရီခွဲလောက်က ကင်းမှုံတောင်မာတပ်စွဲထားရေ အကြမ်းဖက်စစ်ကောင်စီတပ် ဗိုလ်မှူး ပြည့်ဖြိုးမောင်နန့် မာန်အောင်မြို့နယ်အုပ်ချုပ်ရီးမှူးရို့ ရောက်လာပြီးကေ ရွာသားတိကို အစည်းအဝေးခေါ်ပနာ ယင်းပိုင် အတင်းအဓမ္မရွှိပြောင်းခိုင်းခစွာလို့ ရွာသားတိက ပြောပါရေ။
ယင်းပိုင်ရွှိပြောင်းစွာမာလည်း ပန်းခြံရွာနန့်ဖက်ယားရွာကိုရာ ရွှိပြောင်းရဖို့ဖြစ်ပြီးကေ၊တခြားနီရာသို့ ရွှိပြောင်းလားပါက ဖမ်းဝရမ်းထုတ်ပနာ ဖမ်းဆီးဖို့လို့” ခြိမ်းခြောက်ပြောဆိုခသိမ့်ရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်တဝန်းဟိ တပ်ရင်း၊ တပ်မဌာနချုပ်တိ၊ တပ်စခန်းတိ အမြောက်အမြားနန့်မြို့တိ တခုပြီးတခု လက်လွှတ်ဆုံးယှုံးနီရရေ စစ်ယှုံးစစ်ကောင်စီစွာ အာရက္ခတပ်တော်ကို ရင်ဆိုင်နိုင်စွမ်းမဟိခါ မရောင်ရာဆီလိမ်းဆိုပိုင် ရက္ခိုင်ပြည် တောင်ဖက်ဒေသဟိ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်ရို့က ပြည်သူလူထုတိကို အကြောက်တရားရဟိအောင် ယုတ်မာအောက်တန်းကျရေနည်းလမ်းတိ သုံးပနာ အမျိုးမျိုး အကြမ်းဖက် ခြိမ်းခြောက်လျက် ဟိနီပါရေ။





