APM ၊ ဧပြီ ၁၈ / ၂၀၂၃
ဒေနှစ်သင်္ကြန်ကာလအတွင်း ငပလီသို့ လာရောက် လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသည်ပိုမိုများပြားခသည်ဟု ဒေသခံများက ပြောသည်။
သင်္ကြန်ကာလ ဧပြီ ၁၂ ရက်နိမှ ၁၆ ရက်နိအထိ ငပလီကမ်းခြီသို့ လာရောက်လည်ပတ်သည့် ခရီးသည် ၁၄၀၀၀ ကျော်ဟိ ခကာ ယင်းအထဲ နိုင်ငံခြားသားခရီးသည်များလေ့ ပါဝင်သည်ဟု ဆိုသည်။
ယင်းသို့လာရောက်လည်ပတ်သူများပြား၍ သင်္ကြန်ကာလအတွင်း တရက်မှာ လီယာဉ် အကြိမ် (၂၀) ခန့် ၃ ရက် ဆက်တိုက် သံတွဲလီဆိပ်သို့ ဆိုက် ရောက်ခရကြောင်း ဒေသခံများကပြောသည်။
ယင်းအပြင် ကားများဖြင့်လာရောက်သူလေ့ အများအပြားဟိပြီး သံတွဲမြို့ဟိ တည်းခိုခန်းများတွင် တည်းခိုသူများ ဖြင့် ပြည့်နှက်နီ၍ နီအိမ်တချို့တွင် တည်းခိုခသူများလေ့ ဟိသည်ဟုဆိုသည်။
ကုန်ခသည့် ၂၀၁၈ ခုနစ်မှစ၍ ရက္ခိုင်ပြည်နိုင်ငံရီး၊စစ်ရီးအခြေအနေများ၊ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ငပလီသို့ လာရောက်လည်ပတ်လူ အလွန်နည်းပါလားခရပြီး ကုန်ခသည့် ၂၀၂၂ခုနှစ် နိုဗမ်ဘာလကစ၍ ငပလီသို့ လာရောက်လည်ပတ်သူ ပြန်များလာခြင်းဖြစ်ကြောင်း သိဟိရသည်။