
APM ၊ ဧပြီ ၁၈ / ၂၀၂၃
ရက္ခိုင်ပြည်တဝန်းတွင် သင်္ကြန်အကြို(ဧပြီ ၁၃ ရက်နိ) မှ နှစ်ဆန်းတရက်(ဧပြီ ၁၇ ရက်)နိအထိ ၅ ရက်အတွင်း ယာဉ် မတော်တဆမှုကြောင့် သီဆုံးသူ ၂ ယောက်ဟိခပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ဟိကြောင်း လူမှုကူညီရီးအသင်း များ၏ စာရင်းအရ သိရသည်။
သီဆုံးသူ ၂ ယောက်မှာ တောင်ကုတ်တွင် ၁ ယောက်နန့် စစ်တွေတွင် ၁ ယောက်ဖြစ်ပြီး နှစ်ယောက်စလုံး အမျိုး သားများ ဖြစ်သည်။
စစ်တွေက သီဆုံးသူမှာ သီဆုံးလားသူမှာ ပြည်တော်သာရပ်ကွက်မှ ဦးအောင်မိုးထွန်း(၃၇ နှစ်)ဖြစ်ပြီး ၎င်းသည် နှစ်ဆန်းတရက်(ဧပြီ ၁၇ ရက်)နိ ညဇာက စစ်တွေဆီးရုံရှိလမ်းဘေးတွင် ရပ်နီစဉ် ဆိုင်ကယ်တစီးမှ ဝင်တိုက်လား၍ ပြင်းထန်ဒဏ်ရာဖြင့် စစ်တွေဆီးရုံးကြီးတွင် ဆီးကုမှုခံယူနီစဉ် ဒေနိ(ဧပြီ ၁၈ ရက်နိ)မိုးထက သီဆုံးလားသည်။
အလားတူ တောင်ကုတ်မြို့က သီဆုံးလားသူမှာ ဂူတာရပ်ကွက်မှ ဦးထွန်းထွန်းနိုင်(ခ)ကိုနသီး (၄၆နှစ်) ဖြစ်ပြီး သူသည် သင်္ကြန်အကြို(ဧပြီ ၁၃ ရက်နိ) ညည့် ၁ နာရီအချိန်က လျှပ်စစ် လမ်း၌ ဆိုင်ကယ်မောင်း နှင်လာစဉ် ကုန်ကားတစီး နန့်မတော်တဆတိုက်မိခရာ နီရာတွင်ပင် ပွဲချင်းပြီးသီဆုံးလား ခခြင်းဖြစ်သည်။
ယင်းအပြင် ရက္ခိုင်ပြည်တဝန်းဝန်တွင် သင်္ကြန်အကြို(ဧပြီ ၁၃ ရက်နိ) ကနီ နှစ်ဆန်းတရက်(ဧပြီ ၁၇ ရက်)နိ အထိ ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရလားသူ ၂၀ ကျော်ဟိပြီး အများစုမှာ ဦးဂေါင်းကွဲ၊ ခြီကျိုးသူ၊ လက်ကျိုးသူ များဖြစ်သည်။
သင်္ကြန်ကာလအတွင်း အရက်သောက်စားမူးယစ်ပြီး မဆင်မခြင်မောင်းနှင် မှုကြောင့် ယင်းသို့ ယာဉ်မတော်တဆမှု ဖြစ်ပွား ခြင်းဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလကလေ့ စစ်တွေတမြို့တည်း၌ပင် ယာဉ်မတော်တဆ ဖြစ်၍ လူ ၄ ယောက် သီဆုံးခရကာ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရဟိခသိမ့်ကြောင်း သိဟိရသည်။
