
APM ၊ ဧပြီ ၁၈ / ၂၀၂၃
စစ်ကောင်စီ လွတ်ငြိမ်းခွင့်ဖြင့် ရက္ခိုင်ပြည်ဟိအကျဉ်းထောင် ၄ ခုမှ အကျဉ်းသား/အကျဉ်းသူ ၁၇၃ ယောက် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်ဟုဆိုကာ မြန်မာတပြည် လုံးဟိ အကျဉ်းထောင်သီးသီးမှ အကျဉ်း သား/ အကျဉ်းသူ ၃၀၁၅ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ လွတ်ငြိမ်း ခွင့်ပီးလိုက်ကြောင်း စစ်ကောင်စီက ဧပြီ ၁၇ ရက်နိတွင်ထုတ်ပြန်ထားသည်။
ယင်းအထဲတွင် ရက္ခိုင်ပြည်ဟိ အကျဉ်းထောင်များဖြစ်သည့် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၁၇ ယောက်၊ ဘူးသီးတောင် အကျဉ်းထောင်မှ ၁၂၄ ယောက်၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၉ ယောက်နန့် သံတွဲအကျဉ်းထောင်မှ ၁၃ ယောက်ပါဝင်သည်။
ယေကေလေ့ ယင်းစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်နန့် လွတ်လာသည့် များထဲတွင် စစ်ဗြီး၊ ရဲဗြီး၊ လဝကအမှုနန့် မူးယစ်ဆီးဝါး အမှုများဖြင့် ပြစ်ဒဏ် ကျခံနီရသူများရာပါဝင်လာပြီး ရက္ခိုင့်တပ်တော် AA ဆက်စပ်သံသယနန့် ပြစ် ဒဏ်ချ မှတ်ခံထားရ သူများ အပါအဝင် နိုင်ငံရီးအကျဉ်းသားတဦးတယောက်မျှ ပါလာခြင်း မဟိဟု စောင့်ကြည့်နီသူများက ပြောသည်။
ယင်းအပြင် ပြန်လွှတ်လာသူများအားလုံးသည် နောက်တကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ် အပြင် လက်ဟိကျခံရန် ကျန်နီသိမ့် သော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံရ မည်ဟုလေ့ စစ်ကောင်စီ၏ ဧပြီ ၁၇ ရက်နိထုတ်ပြန်ချက်အရ သိရသည်။
Photo – ABN
