![](https://arakanprincess.media/wp-content/uploads/2023/04/Z-1-1024x768.jpg)
APM ၊ ဧပြီ ၁၈ / ၂၀၂၃
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ကြီးမှူးကျင်းပသည့် မြောက်ဦးမြို့နယ် လေးမြို့ ချောင်း ရက္ခိုင်သင်္ကြန်ပွဲတော်(ပထမနိ)ကို ဒေနိ(ဧပြီ ၁၈ ရက်နိ)၌ စတင်ကျင်းပလျက်ဟိရာ အရက္ခပြည်သူ ၃ သောင်းကျော် အင်တိုက်အားတိုက်ပါဝင် ဆင်နွှဲလျက်ဟိကြောင်း သိရသည်။
ပထမနိဖွင့်ပွဲအခမ်းအနားကို ဒေနိမိုးထ ၁၁ နာရီခန့်က အာရက္ခနိုင်ငံတော်တေးခြင်းသံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ကာ ရက္ခိုင်ရိုးရာ စည်တော်တီးလျက် ရက္ခိုင်ပိုဒ်စုံ ရတုများ၊ ရက္ခိုင်ရိုးရာယိမ်းအကများဖြင့် စတင်ခသည်။
ယင်းနောက်ပိုင်းမှစ၍ ရက္ခိုင်အဆိုတော် ၂၈ ယောက်မှ အဆို၊ အကများ ၊ DJ အကများဖြင့် အားသွန်ခွန်စိုက် ကပြဖျော်ဖြေနီပြီး အရက္ခပြည်သူ ပေါင်း ၃ သောင်းကျော်အားရပါးရ ပါဝင်ဆင်နွဲလျက်ဟိသည်။ သင်္ကြန်ပွဲတော် ဆင်နွှဲရန် အတွက် နောက်ထပ်လေ့ ပြည်သူလူထုများ ဆက်၍ ဆက်၍ လာနီကြောင်းတွိရသည်။
လေးမြိုချောင်း ရက္ခိုင် သင်္ကြန်ပွဲ တော်ကို ဧပြီ ၁၈ ရက်နိ မှ ၂၀ ရက်နိအထိ ၃ ရက်တိုင်တိုင် ကျင်းပလားမည် ဖြစ်သည်။
ကုန်ခသည့် ၂၀၂၂ခုနှစ်ကလေ့ လေးမြို့ချောင်းရက္ခိုင်သင်္ကြန်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိ သတ်ပေါင်း ၁ သောင်းနီးပါးလာရောက်အားပီး ပါဝင် ဆင်နွှဲခကတ်ကြောင်းသိရသည်။
![](https://arakanprincess.media/wp-content/uploads/2023/04/Z-1-1024x768.jpg)
![](https://arakanprincess.media/wp-content/uploads/2023/04/Z2-1024x768.jpg)
![](https://arakanprincess.media/wp-content/uploads/2023/04/Z3-1024x768.jpg)
![](https://arakanprincess.media/wp-content/uploads/2023/04/Z4-1024x768.jpg)