APM ၊ ဧပြီ ၁၈ / ၂၀၂၃
ယူကရိန်းအရေးကို ဖြစ်နိုင်သမျှ အယင်ဆုံး အဆုံးသတ်လိုကြောင်း ရုသျှနိုင်ငံခြားရီးဝန်ကြီး ဆာဂေးလပ်ဗ်ရော့ဗ်က ဧပြီ ၁၇ ရက်နိမှာ ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘရာဇီးကို ရောက်ဟိနီသည့် ရုသျှနိုင်ငံခြားရီးဝန်ကြီး ဆာဂေးလပ်ဗ်ရော့ဗ်က သတင်းစာယှင်းလင်းပွဲ၌ ယင်းသို့ပြော ကြား လိုက်ခြင်း ဖြစ်သည်။
လပ်ဗ်ရော့ဗ်က “ယူကရိန်းအခြေအနေကို နားလည်ခြင်းအတွက် ဘရာဇီးလ်ကို ကျေးဇူးတင်ပါကြောင်း၊ ပဋိပက္ခကို အယင် ဆုံး အဆုံးသတ်ရန် ရုသျှက စိတ်ဝင်စားမှုဟိကြောင်း” ပြောကြားခသည်။
သို့သော် “ပဋိပက္ခဖြေယှင်းရာ၌ ရုသျှလက်နက်ကိုင်တပ် ဖွဲ့များ တစိတ်တပိုင်း ထိန်းချုပ်ထားသည့် ယူကရိန်းပြည် နယ် ၄ ခု သိမ်းပိုက်ခြင်း၏အဖြစ်မှန်များကို အသိအမှတ် ပြုပီးရမည်”ဟု လပ်ဗ်ရော့ဗ်က ထပ်လောင်း ပြောကြား ခသည်။
ရုသျှနိုင်ငံခြားရီးဝန်ကြီး လပ်ရော့ဗ်သည် ဘရာဇီးနိုင်ငံပြီးလျှင် ဗင်နီဇွဲလား၊ ကျူးဘားနန့် နီကာရာဂွါနိုင်ငံများသို့လေ့ ဆက်လားမည်ဟု သိရသည်။
Source – Lavrov: Russia wants conflict in Ukraine to end as soon as possible
Photo credit : MAXIM SHIPENKOV/POOL VIA REUTERS/FILE PHOTO)