APM ၊ ဧပြီ ၁၈ / ၂၀၂၃
အာဂျင်တီးနားနိုင်ငံသည် အသက် ၂၀ အောက် ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်သျှင်အဖြစ် လက်ခံကျင်းပလားမည် ဖြစ်ကြောင်း FIFAကောင်စီ၏ ဗျူရိုမှ ဧပြီ ၁၇ ရက်နိတွင် အတည်ပြု သတ်မှတ်လိုက်သည်။
အဆိုပါပြိုင်ပွဲကို အစက အင်ဒိုနီးသျှားမှ အိမ်သျှင်အ ဖြစ်ကျင်းပရန် စီစဥ်ထားခကေလ့ FiFA က မတ်လ ၂၉ ရက်နိတွင် ပယ်ဖျက်လိုက်၍ အာဂျင်တီးနားဘောလုံးအဖွဲ့ ချုပ် (AFA) မှ အဆိုတင်သွင်းခရာ FIFA က ခွင့်ပြုပီးခသည်။
ယူ – ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမည့် မေလ ၂၀ ရက်နိမှ ဂျုန်လ ၁၁ ရက်နိအထိ ကျင်းပမည်ဖြစ်ပြီး ၄ သင်းပါ၊ အုပ်စု ၆ စု ပါဝင်မည်ဖြစ်ကာ၊ ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံအသင်းများကို ဧပြီလ ၂၁ ရက်နိ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ၌ ကြေညာမည်ဖြစ်သည်။
အာဂျင်တီးနားနိုင်ငံသည် ၂၀၀၁ ခုနှစ်မှစ၍ အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်သျှင်အဖြစ် လက်ခံကျင်းပခပြီး (၆) ကြိမ်မြောက် ဗိုလ်စွဲခကြောင်းသိဟိရသည်။
ယူ-၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် ကမ္ဘာတဝှမ်းဟိ လူငယ်ဘောလုံးလောကကို မြှင့်တင်ရန်အတွက် FIFA ၏ အဓိကအခန်းကဏ္ဍတခု ဖြစ်သည်။
Source – FIFA confirms Argentina as host nation for FIFA U-20 World Cup 2023
Photo – FIFA