
APM ၊ ဧပြီ ၁၈ / ၂၀၂၃
ဘာစီလိုနာအသင်းသည် စပိန်ဒိုင်လူကြီးများကို လာဘ် ငွေပီးထားသည်ဟု တိုင်ကြား၊စုံစမ်းဆီးမှုသည် ရည်ရွယ် ချက်ဟိဟိ အပုပ်ချလှုံ့ဆော်မှုရာ ဖြစ်သည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ဧပြီ ၁၇ နိတွင် ပြောကြားခသည်။
ဘာစီလိုနာသည် စပိန်ဒိုင်များကော်မတီ၏ ဒုတိယဥက္ကဋ္ဌဟောင်း Jose Maria Enriquez Negreira ကို ယူရို ၈.၄ သန်းပီးခ သည်ဟု အစိုးရရှိနီများက စွပ်စွဲထားလျက်ဟိသည်။
လာပေါ်တာက “ ဒေစွပ်စွဲမှုရေ ကျနော်ရို့သမိုင်းထဲမှာ အပြင်းထန်ဆုံး တိုက်ခိုက်မှုတခုပါ။ ဒေငွေတိက အတိုင် ပင်ခံအလုပ် အတွက်ဖြစ်ပါရေ။ ဘာစီလိုနာအနီနန့် အားကဇတ်နန့်ပတ်သက်တေ အကျင့်ပျက်ခြစားမှုတိ၊ ရာဇ ၀တ်မှုမျိုးတိ (လုံးဝ) မကျူးလွန်ထားပါ။ ယေဇုနန့် ပရိ သတ်တိကိုလေ့ ကလပ်နန့်အတူ စည်းလုံးညီညွတ်ကတ်ဖို့ တောင်းဆိုပါရေ” ဟု ပြောဆို သည်။
ဘာစီလိုနာအသင်းသည် “အကျင့်ပျက်ခြစားမှု၊ ယုံကြည်မှုချိုးဖောက်မှု”နန့်”မှားယွင်းသောစီးပွားရီးမှတ်တမ်းများ” စွဲချက် များဖြင့် တရားစွဲဆိုခံထားရပြီး၊ ဥရောပဘောလုံးအဖွဲ့ချုပ် UEFAကလေ့ အဆိုပါကိစ္စကို စုံစမ်းစစ်ဆီး နီကြောင်း သိရသည်။
Source – Complaining that the referees were overpaid. The investigation is just a smear campaign, says Barcelona
Photo – Football Espana
