APM ၊ မာ့ချ် ၁၈ / ၂၀၂၄
မာ့ချ် ၁၈ ရက်နိ မိုးထစောစောချေက အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လီယာဥ်နန့် ဗုံးကြဲတိုက်ခိုက်လို့ မင်းပြားမြို့နယ်က ဒေသခံ ၂၁ ယောက်ဂွင်ချင်းသီဆုံးပနာ၂၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရလားကြောင်း သိရပါရေ။
ဒေနိ မိုးထစောစော ၁ နာရီ ၃၂ မိနစ်မာ အကြမ်းဖက်စစ်ကောင်စီတပ်မှ မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ရွာထဲကို ဂျက်တိုက်လီယာဥ်နန့် ဗုံးသီး ၂ လုံးကို ကောက်ကျစ်ယုတ်မာစွာ ကြဲချတိုက်ခိုက်ခကြောင်း ရွာသားတိကပြောပါရေ။
ယင်းတိုက်ခိုက်မှုကြောင့် သာဒါရွာက ပြည်သူ ၉ ယောက်နန့် ယင်းသာဒါရွာမာ စစ်ဖီးလာယှောင်နီရေ ဆင်ကြီးပြင် (မူဆလင်)ရွာက ပြည်သူ ၁၂ ယောက်ရို့စွာ မာနီရာမာပင် ပွဲချင်းပြီးသီဆုံးလားခပြီးကေ နောက်ထပ်အပြစ်မဲ့ပြည်သူ ၂၅ ယောက်ထက်မနည်းလည်း ဗုံးစတိထိမှန်လို့ ပြင်း ပြင်းထန်ထန် ဒဏ်ရာရဟိလားကြောင်း ဆိုပါရေ။
လက်ဟိဒဏ်ရာရလားခရေလူတိမာ အရေးပေါ်ဆီးကုသမှုခံယူလို့ဟိပါရေ။
ယင်းအပြင် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် သာဒါရွာထဲက အိမ် ၁၀ ဆောင်ထက်မနည်း ပျက်စီးခပါသိမ့်ရေ။
အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ဒေသ စစ်မျက်နှာမာ ၎င်းရို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဖက်၊ ရဲဖက်စခန်း များစွာနန့်တမြို့ပြီးတမြို့လက်လွှတ်ဆုံးယှုံးနီရေအတွက် ယှုံးမဲမဲပနာ မြို့ရွာတိဟိ အပြစ်မဲ့အရပ်သားပြည်သူလူထုရို့နီအိမ်တိ၊ စာသင်ကျောင်း၊ ဆီးရုံ၊ ဈီး၊ လမ်း၊ တန်းထားတိကို ပစ်မှတ်ထားတိုက်ခိုက်ပြီးကေ စစ်ရာဇဝတ်မှုတိကို ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ဆက်တိုက် ကျူးလွန်လို့ ဟိနီပါရေ။