
APM ၊ မာ့ချ် ၁၈/၂၀၂၄
သံတွဲမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ၎င်းဒေသဟိ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိ စုပေါင်းပနာ ဒေနိမာ့ချ် ၁၈ ရက်နိမာ နှုတ်ထွက်စာတင်လိုက်တေလို့ သိရပါရေ။
ရပ်ကျေး အုပ်စု ၇၀ ကျော်ဟိရေ သံတွဲမြို့နယ်မာ ယင်းရပ်ကျေးအုပ်ချုပ်ရီးမှူးတိစုပေါင်းပြီးကေ ခရိုင်ထွေအုပ်ရုံးမာ နှုတ်ထွက်တင်ခစွာလို့ ဆိုပါရေ။
စစ်ကောင်စီစွာ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိကို ရပ်ရွာတိမာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားလူငယ်တိကို ၄လ(၁)ကြိမ်လူသစ်စုဆောင်းပီးရဖို့ အတင်းအကျပ်ဖိအားပီးခိုင်းလာရေအတွက် အုပ်ချုပ်ရီးမှူးနန့် ရပ်သူရွာသားတိကြားမာ အခက်ကြုံနီကတ်ရပြီးနောက် အဂုပိုင် နှုတ်ထွက်စာတင်လိုက်စွာလို့ သံတွဲက ရပ်ကျေးအုပ်ချုပ်ရီးမှူးတယောက်က ပြောပါရေ။
“ကျနော်ရို့စွာ ရက္ခိုင်တိပါ။ ရက္ခိုင်က ရက္ခိုင်ပြည်သူလူထုအတွက်အလုပ်လုပ်ရဖို့ပါ။ ရက္ခိုင်ပြည်သူတိအတွက် မဟုတ်ဘဲ ပြည်သူ့ဆန့်ကျင်ဖက်ဖြစ်ပနာ ပြည်သူသတ်လို့ သီရဖို့ကျလာကေ ဇာအတွက်လုပ်နီဖို့လေး။ ယင်းအတွက် နှုတ်ထွက်စာ တင်ကတ်စွာပါ” လို့ သူက ဆိုပါရေ။
အလားတူ သံတွဲဒေသခံ ဆရာတော်တပါးကလည်း ” ရက္ခိုင်အစ ဒွါရာဝတီက၊ ရက္ခိုင်အစ ရမ္မာဝတီက လို့ ဆိုရိုးဟိပါရေ။ အေချင့်စွာ ဓညဝတီခေတ် မတိုင်ခင်ကပင် ခိုင်မာရေ ရက္ခိုင်သမိုင်းစီးဆင်းမှုနန့် ဖျောက်ဖျက်မရရေ ရက္ခိုင်ရို့၏ သစ္စာတရားဖြစ်တေ။ ရက္ခိုင်ပြည်အတွက် ဒွါရာဝတီစွာ အဓိက အမာခံ စည်းရိုးဖြစ်ခရေ။ တောင်မင်းကျော်ထွီးရို့ကအစ ဒေစည်းရိုးကို လုံအောင် ကာခကတ်တေ။ သမိုင်းမာ တာဝန်ကျီခကတ်တေ။ အဂု ကိုယ်ရို့လက်ထက်ကျခါမှ သူခိုးကိုဓါးရိုးကမ်း၊ အသားထဲက လောက်ထွက်၊ အမျိုးသားသစ္စာဖောက်ဖြစ်ရဖို့ဆိုကေ ဒွါရာဝတီရာဇဝင်သမိုင်း ရိုင်းရလီဖို့နန်းရာ။ ယေဇု အဂုပိုင် နှုတ်ထွက်စာတင်စွာကို ဂုဏ်ပြုကြိုဆိုပါရေ။ ယင်းပိုင် နှုတ်ထွက်လိုက်လို့ကြုံလာရဖို့ အခက်အခဲတိကိုလည်း ဝိုင်းဝန်းဖြေယှင်းကတ်ရဖို့နန့်ရာ။ မကြောက်ရလို့ မဆိုလိုပါ။ မျက်စိစုံမှိတ်ပနာ အဆင်အခြင်မဲ့ မကြောက်သင့်ပါ။ တတိုင်းတပြည်လုံး အသက်ခန္ဓာ၊ ဘဝတိ၊ ဟိဟိသမျှစည်းစိမ်ဥစ္စာတိ အားလုံး အပျက်စီးအဆုံးယှုံးခံလို့အရွိတခုကိုလားနီကတ်တေအချိန်မာ ကိုယ်ရို့တစုချေက တပြည်လုံး၊ တမျိုးသားလုံးကို ဆန့်ကျင်ပနာရက္ခိုင်သမိုင်းသစ်မာ အရုပ်ဆိုးအကျည်းတန်ရေ ကမ္ဗည်းမှတ်တမ်းဆိုးကို မရွီးထိုးမိဖို့ လိုပါရေ” လို့ မိန့်ကြားလားခပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်စွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖို့နန့်ရက္ခိုင့်တပ်တော်ကို တိုက်ခိုက်ဖို့ရက္ခိုင်ပြည်တောင်ဖက်ဒေသနန့်မူဆလင်အသိုင်းအဝိုင်းတိကိုပါ ပြည်သူ့ စစ်နန့်စစ်မှုထမ်းတိအဖြစ် အင်တိုက်အားတိုက် သွတ်သွင်းပနာစစ်သင်တန်းတိတက်ခိုင်းနီကြောင်းလည်း သိဟိရပါရေ။
