(မာ့ချ် ၁၁ ရက်နိမှ ၁၇ ရက်နိအထိ)
၁။ ၁၁-၃-၂၀၂၄(တလင်းလာ)
(၁) ၂၀၂၄ ခုနှစ်၊မာ့ချ်လ( ၁၁) ရက်နိ၊နိခင်း(၁)နာရီ (၁၅) မိနစ်အချိန်မာရမ်းဗြဲမြို့နယ်တခုလုံးကို လုံးဝအပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က အတည်ပြု ကြေညာလိုက်ပါရေ။
(၂) မင်းပြားတိုက်ပွဲအတွင်း အပြစ်မဲ့အာရက္ခပြည်သူ(၃၀)ကျော်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သတ်ဖြတ်ခကြောင်း မာ့ချ် ၁၁ ရက်နိက HDCO ထုတ်ပြန်လိုက်ပါရေ။
(၃) မာ့ချ် ၁၃ ရက်နိက စာမိန်းပွဲဖြေဆိုနီကတ်တေ စစ်တွေပါဒလိတ် အထကကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနန့်ပစ်လို့ ကျောင်းသား(၂)ယောက် ထိခိုက်ဒဏ်ရာရလားပါရေ။
၂။ ၁၂-၃-၂၀၂၄ (အင်္ဂါ)
(၁) မောင်တောမြို့နယ်မြောက်ပိုင်းဟိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ၂၀၂၄ ခုနှစ်၊ မာ့ချ် ၁၁ ရက်နိမာ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခရေလို့ မာ့ချ် ၁၂ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
(၂)ကျောက်ဖြူမြို့နယ်မာ မာ့ချ် ၁၂ ရက်နိကတရုတ်သဘာဝဓါတ်ငွိလိုင်းသွယ်တန်းထားရေ ဂုံးချွန်တိုက်နယ်၊ မလကျွန်းမာ အကြမ်းဖက်စစ်ကောင်စီ မိုင်းထောင်ထားခပါရေ။
၃။ ၁၃-၃-၂၀၂၄ (ဗုဒ္ဓဟူး)
(၁) မာ့ချ် ၁၃ ရက်နိ၊ မိုးထ ၈ ကျော်လောက်က အကြမ်းဖက်စစ်ကောင်စီ၏ စစ်တွေ ပါဒလိတ်အခြီစိုက် (၅၃၅) တပ်ရင်းက ရမ်းသမ်းပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်စွာ ပုဏ္ဏားကျွန်းမြို့ဟိ သမိုင်းဝင်ဦးရာဇ်တောင်စေတီကို ကျရောက် ပေါက်ကွဲလို့ စေတီတော်ပျက်စီးလားခပါရေ။
(၂) ရမ်းဗြဲမြို့နယ်မာ၊ မာ့ချ် ၁၂ ရက်နိ ညည့် ၁၀ နာရီခွဲအချိန်လောက်က အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ချောင်းဖျားတိုက်နယ်၊ တဖက်ရွာက ဦးမောင်ခင်နု(၆၁နှစ်)သီဆုံးလားပြီးကေ ဒေါ်မေအောင်(၃၇နှစ်)နန့် တဖက်ရွာမာ စစ်ဖီးယှောင်နီရေ ရမ်းဗြဲမြို့၊အမှတ် (၁) ရပ်ကွက်က ဒေါ်စောတင်(၆၅နှစ်) ရို့ ပြင်းထန်ဒဏ်ရာရဟိလားပါရေ။
၄။ ၁၄-၃-၂၀၂၄ (ကြာသပတီး)
(၁) ပုဏ္ဏားကျွန်းမာ မာ့ချ် ၁၄ ရက်နိ၊ မိုးထပိုင်းအချိန် အကြမ်းဖက်စစ်ကောင်စီနေဗီက ပစ်လိုက်တေ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ပုဏ္ဏားကျွန်းမြို့သို့ ရောက်နီကတ်တေ ပေါက်တောမြိုနယ်၊ ဆယ်သိန်းတန်ရွာက ကိုစိန်ထွန်းကျော်၊ ကိုဦးလှမောင် ၊ ကိုမောင်လှချေရို့ သီဆုံးလားပြီးကေ၊ ၁၁ ယောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကတ် ပါရေ။
(၂) မာ့ချ် ၁၄ ရက်နိ၊ မိုးထ ၉ နာရီ ၄၀ မိနစ်မာ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊သဒွတ္တိန်ရွာက ဦးမောင်ရွှီ (၃၅နှစ်) ၊ဦးအေးမောင်သန်း( ၄၈ နှစ်)၊ ဦးမောင်သာအေး( ၃၄ နှစ်)နန့် သစ်ပုတ်တောင်တိုက်နယ်၊ ကြတ္တိန်ရွာက ဦးကျော်မြင့် (၅၅နှစ်) ရို့ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးလားခပါရေ။
၅။ ၁၅-၃-၂၀၂၄ (သောကြာ)
(၁) မာ့ချ် ၁၅ ရက်နိ၊ မိုးထ ၁၀ နာရီလောက်က မြောက်ဦးမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီ ၏ လက်နက်ကြီးပစ် ခတ်မှုကြောင့် ရွာဟောင်းတောရွာက မခိုင်လှကြည်(ခ)ဘုမ (၁၆နှစ်)သီဆုံးလားပြီးကေ မောင်ညီလင်းခိုင်( ၄ နှစ်) ဒဏ်ရာရလားပါရေ။
(၂) မောင်တောမြို့နယ်၊ မင်္ဂလာကြီးအုပ်စု၊ သာစည်(မူဆလင်) ရွာမာ မာ့ချ် ၁၅ ရက်နိ၊ မိုးထ ၁ နာရီအချိန်လောက်က ARSA အကြမ်းဖက်အဖွဲ့ ဒါးမြတိုက်၊ လုယက်ပြီး မူဆလင်လူငယ် ၇ ယောက်ကို အကြမ်းဖက် ဖမ်းဆီးလားခပါရေ။
(၃) ပုဏ္ဏားကျွန်းမြို့နယ်မာ မာ့ချ် ၁၅ ရက်နိ၊ နိခင်းက အကြမ်းဖက်စစ်ကောင်စီ ပစ်လိုက်တေ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောက်သံခြီရွာက ၃ ယောက်နန့် ကုန်တန်းကြိမ်ချောင်းရွာက ၁၀ ယောက် စုစုပေါင်း အပြစ်မဲ့ပြည်သူ ၁၃ ယောက် ဒဏ်ရာရလားပါရေ။
(၄) အကြမ်းဖက် စစ်ယှုံးစစ်ကောင်စီစွာ အများပြည်သူ ခရီးလားလာနီရေ ကုန်းလမ်း၊ ရီလမ်းတိကို ရည်ရွယ်ချက်ဟိဟိ ဖြတ်တောက်ဖျက်ဆီးလျက်ဟိရာ မာ့ချ် ၁၄ ရက်နိကလည်း မောင်တောနန့် ဘင်္ဂလားဒေ့ချ်သို့ ဆက်သွယ်ထားရေ အာသျှလမ်းမကြီးကို ကောက်ကျစ်ယုတ်မာ လူမဆန်စွာ ဖျက်ဆီးလိုက်ပါရေ။
၆။ ၁၆-၃-၂၀၂၄ (စနီ)
(၁) အကြမ်းဖက်စစ်ကောင်စီတပ်စွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖို့နန့် ရက္ခိုင့်တပ်တော်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ရက္ခိုင်ပြည်တောင်ဖက်ဒေသနန့် မူဆလင်အသိုင်းအဝိုင်းမာ ပြည်သူ့စစ်နန့် စစ်မှုထမ်းတိကို အင်တိုက်အား တိုက်စု ဆောင်းပနာ ဖုတ်ပူမီးတိုက် စစ်သင်တန်းတိ တက်ခိုင်းခပါရေ။
(၂) မြေပုံမြို့နယ်မာ မာ့ချ် ၁၆ ရက်နိ၊ နိခင်းပိုင်းအကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနန့် ပစ်ခတ်ခလို့ ပြည်ခြားရွာက အဖဖြစ်သူ ဦးကျော်ဝင်းကြီး (၅၀ နှစ်)၊ သားဖြစ်သူ ကိုမောင်ရဲလင်း (၃၀ နှစ်)နန့် သမီးဖြစ်သူ မမေနီဝင်း (၂၃ နှစ်)ရို့ သီဆုံးလားပြီးကေ မစောနှင်းဖြူ (၁၅ နှစ်)နန့် မြေပုံမြိုနယ်၊ စညှင်းရွာက ဦးဇော်ဝင်း(၂၇ နှစ်)ရို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရလားခပါရေ။
၇။ ၁၇-၃-၂၀၂၄ (တလင်းဂနီ)
(၁) မာ့ချ် ၁၇ ရက်နိ၊ မိုးထပိုင်းမာ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လီယာဉ်၊ Y 12 ထောက်ပို့ လီယာဉ်အပြင်လက်နက်ကြီးတိနန့်ပါ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခလို့ ကြက်လျှာကျွန်းရပ်ကွက်က ဒေါ်ဘုဘု (၃၇နှစ်) သီဆုံးလားပြီးကေ ရွှီတောင်ရပ်ကွက်က မောင်မင်းသန်းဌေး(၁၂ နှစ်)၊ မောင်ဝင်းထွန်းလှိုင်(၁၄ နှစ်)၊ ဦးကျော်ဆန်း (၂၄ နှစ်)၊
ဦးမောင်အေးသန်း( ၄၅ နှစ်)၊ ဦးသိန်းထွန်းရွှီ(၂၂ နှစ်)၊ တောင်ရပ်ရပ်ကွက်က ဦးအေးထွန်းလှိုင်( ၅၁ နှစ်)၊ ဒေါ်သျှင်ထွီးမေ(၅၀ နှစ်)၊ ဦးကျော်စော(၄၄ နှစ်)၊ ကျောက်ရာဇ်ကေရပ်ကွက်က မမိုးသူ(၁၆ နှစ်)၊ မထက်ထက်နိုင် (၂၄နှစ်)နန့် ကုန်သည်တန်းရပ်ကွက်က ကိုကျော်ဝင်းနိုင်(၂၉ နှစ်)ရို့ ဒဏ်ရာရလားခပါရေ။
(၂) ရသေ့တောင်မြို့အခြီစိုက် စစ်ကောင်စီ၏ တပ်ရင်းတိဖြစ်တေ ခမရ (၅၃၆)၊ ခမရ(၅၃၇)နန့် ခမရ (၅၃၈)တပ်ရင်း (၃) ခုစလုံးကို၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၁၇) ရက်နိ၊ ညဇာ(၄) နာရီအချိန်လောက်မာ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက်၊ ရသေ့တောင်မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ်တေလို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ကြေညာပါရေ။