
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဖီးယှောင်စခန်းတွင် သောက်သုံးရီယှားပါးမှုကြောင့် စခန်းဟိစစ်ဖီးယှောင်များမှာ ရီအခက်အခဲနန့် ရင်ဆိုင်နီရကြောင်း သိရသည်။
ယင်း ဂဏန်းတောင်စစ်ဖီးယှောင်စခန်းတွင် ကုန်ခသည့် ရက္ခိုင်ပြည် တကျော့ပြန်တိုက်ပွဲကာလအတွင်းက နီရပ်စွန့် ခွာတိမ်းယှောင်လာကတ်ရသော ကျောက်တော်နန့် ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာများဖြစ်သည့် ချောင်းတူ၊ကွမ်းအုံစု၊ဘုတ္တော၊ရွက်ညှိးတောင် စသည့်ကျေးရွာများမှ ရွာသားများလာရောက်ခိုလှုံနီကတ်ခြင်းဖြစ်သည်။
ယင်းစစ်ဖီးယှောင်စခန်းဟိ စစ်ဖီးယှောင်များ အသုံးပြုနီကတ်ရသည့် ရီကန်များမှာ ရီခမ်းခြောက်လားပြီး၊ တချို့ စခန်းအနားဟိ သောက်ရီကန်များမှာလေ့ ရီနှောက်နီကာ သုံးမရဖြစ်နီ၍ သောက်သုံးရီအခက်အခဲနန့်ရင်ဆိုင်နီ ကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
လက်ဟိတွင် အနားဟိ ဂဏန်းတောင်နန့် ဗန်းဗွီးရွာသို့ နာရီခွဲခန့် ခြီကျင်လားရောက်၍ ရီခတ်နီကတ်ရပြီး၊ ယင်းဂဏန်းတောင်နန့် ဗန်းဗွီးရွာဟိ ရီကန်များမှာလေ့ နောက်တလဆိုလျှင် ရီခမ်းခြောက်လားနိုင်သည်ဟုဆိုသည်။
ယင်းသို့ ရီခမ်းခြောက်လားပါက စစ်ဖီးယှောင်များအတွက် ရီလုံးဝပြတ်တောက်လားနိုင်၍ သောက်သုံးရီ ကူညီထောက်ပံ့ပီးရန် အလှူသျှင်များ လိုအပ်နီကြောင်း သိရသည်။
ယင်းဂဏန်းတောင်စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၇၈ စုနန့် လူဦးရေစုစုပေါင်း ၇၇၈ ယောက်ဟိကြောင်း သိဟိရပါသည်။

