APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
ဒေနိ(ဖေဖော်ဝါရီ ၁၈ ရက်နိ) ညည့် ၈ နာရီခွဲခန့်ကကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကြီးအနားဟိ မုန့်တီဆိုင်တဆိုင်မီးလောင်မှုဖြစ်ပွားခပြီး အမျိုးသားတယောက် မီးလောင်ကာ သီဆုံးလားကြောင်း သတင်းရဟိသည်။
မီးလောင်သီဆုံးလားသူမှာ ဆိုင်ပိုင်သျှင် ဒေါ်လှသိန်းနု၏သား ဦးမောင်သန်းစိုး (၃၉ နှစ်) ဖြစ်သည်။
ဦးမောင်သန်းစိုးသည် ကျန်းမာရီးမကောင်း၍ ဒေနိညည့် ၈ နာရီခွဲခန့်က ဆိုင်အတွင်း၌ တယောက်ထဲ အိပ်နီစဉ် မီးထွန်းထားသည့် ဖယောင်းတိုင်မီးမှတဆင့် စတင်လောင်ကျွမ်းခခြင်းဖြစ်သည်။
ယင်းမီးလောင်မှုကြောင့် ဆိုင်တခုလုံးလေ့ မီးလောင်ပြာကျလားခသည့်အပြင် ဆိုင်အတွင်းဟိ ဦးမောင်သန်းစိုးမှာလေ့ မီးထဲပါလားကာ သီဆုံးလားသည်။
မီးလောင်ကျွမ်းမှုကို အနားဟိ ဒေသခံများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ညည့် ၉ နာရီခွဲခန့်တွင် ငြိမ်းသတ်နိုင်ခပြီး၊ ဦးမောင်သန်းစိုး၏ ရုပ်အလောင်းကိုတော့ လက်ဟိတွင်မဟာမုနိ သင်္ချိုင်း၌ သင်္ဂြိုလ်ရန် ပြင်ဆင်နီကတ် ကြောင်းသိရသည်။