
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
အာဆင်နယ်နန့် ဘရန့်ဖို့ဒ်ပွဲစဥ်တွင် VAR ဆုံးဖြတ်ချက်မှားယွင်းခသည့် ဒိုင်လူကြီးလီမေဆင်နန့် နှစ်ဖက်သဘောတူ လမ်းခွဲလိုက်ကြောင်းပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ် (PGMOL)က ဖေဖော်ဝါရီ ၁၇ ရက်နိတွင် ကြေညာသည်။
ဒိုင်လူကြီးလီမေဆင် နန့်ပတ်သက်၍ “ပရော်ဖက်သျှင်နယ်ဘောလုံးပွဲတိမှာ တာဝန်ထမ်းဆောင်ပီးခရေ ဒိုင်လူကြီး Lee ကို ကျေးဇူးတင်ပါရေ။ အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစီလို ဆုတောင်းပီးပါရေ” ဟု PGMOL ဒိုင်အဖွဲ့ချုပ်က ထုတ်ပြန်ကြေ ညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁၁ ရက်နိက တဖက်တဂိုးစီသရေကျခသည့်ယင်းပွဲစဥ်တွင် VAR ဒိုင်လူကြီးလီမေဆင်သည် ဘရန့်ဖို့ဒ် အသင်းဖက်မှလူကျွံအနီအထားဖြင့် သွင်းယူလိုက်သည့်ဂိုးကို ခွင့်ပြုပီးခသည်။
အဆိုပါမှားယွင်းမှုနန့်ပတ်သက်၍ ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့၏ အရာဟိ ဟောင်းဝပ်ဝက်ဘ်က အာဆင်နယ် အသင်းကို တောင်းပန်ခကေလေ့ နည်းပြအာတီတာက တောင်းပန်မှုကိုလက်မခံဘဲ ပယ်ချခကြောင်း သိရသည်။
အသက် ၅၁ နှစ်အရွယ် လီမေဆင်သည် ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖြစ် ၁၅ နှစ်ကြာတာဝန်ယူခပြီး ထိပ်တန်းပွဲစဉ် ၂၈၇ ပွဲကို ကြီးကြပ်ခကာ စုစုပေါင်းပွဲအရေအတွက် ၅၀၀ အထိတာဝန်ယူကိုင်တွယ်ခကြောင်း သိရသည်။
Source – The VAR decision was wrong in the Arsenal game and referee Lee Mason parted ways with PGMOL
Photo – The Guardian
