
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
ရက္ခိုင်တွင် ပြီးခသည့် ဂျန်နဝါရီ ၁၉ ရက်နိကနီ ဒေနိ(ဖေဖော်ဝါရီ ၁၈ ရက်နိ)အထိ တလအတွင်း စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ယောက်သီဆုံးပြီး ၁၀ ယောက်ဒဏ်ရာရဟိခကြောင်း သိရသည်။
စစ်လက်နက်များပေါက်ကွဲမှုသည် ကျောက်တော်၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ မင်းပြား၊ ဘူးသီးတောင်နန့် မြောက်ဦးမြို့နယ်ရို့တွင်ဖြစ်ပွားခခြင်းဖြစ်ပြီး အများစုမှာ မြန်မာစစ်တပ် တပ်ရင်း၊တပ်ဖွဲ့မျာနန့် နီးကပ်သည့်နီရာများ၊ ၎င်းရို့စခန်းချတပ်စွဲခသည့် နီရာများတွင် ဖြစ်ပွားနီခြင်းဖြစ်သည်။
ကုန်ခသည့် ဖေဖော်ဝါရီ ၁၅ ရက်နိက ကျောက်တော်အခြီစိုက် မြန်မာစစ်တပ် ခလရ (၃၇၄)တပ်ရင်းအနားသို့ ထင်းခွီလားသည့် ဒေသခံတယောက် မိုင်းနင်းမိပြီး ခြီတဖက်ဆုံးယှုံးခရသည့်အပြင် ဖေဖော်ဝါရီ ၆ ရက်နိကလေ့ အမ်းမြို့နယ် ဒါးလက်ချောင်း အနောက်ရွာသားတယောက် မိုင်းနင်းမိ၍ ဒဏ်ရာများပြင်းပြင်းထန်ထန်ရခသည်။
ဖေဖော်ဝါရီ ၄ ရက်နိကလေ့ ပုဏ္ဏားကျွန်းမြို့နယ် ကြိမ်ချောင်းရွာ၌ စစ်ကျန်ဗုံးတလုံးပေါက်ကွဲ၍ အချေ ၂ ယောက် သီဆုံးကာ ၄ ယောက် ဒဏ်ရာရဟိခပြီး၊ ဖေဖော်ဝါရီ ၂ ရက်နိမှာ မောင်တောမြို့နယ် ခမောင်းဆိပ်ရွာမှ အချေတယောက် မိုင်းပေါက်၍ ပွဲချင်းပြီး သီဆုံးခရသည်။
ယင်းအပြင် ဂျန်နဝါရီ ၂၇ ရက်နိ၌လေ့ မင်းပြားမြို့နယ်၊ ဖားပြိုရွာသားတယောက် မိုင်းနင်းမိ၍ ပွဲချင်းပြီးသီဆုံး ခသည့်အပြင် ဂျန်နဝါရီ ၂၆ ရက်နိကလေ့ ဘူသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှ မူဆလင်ချေ ၁ ယောက် မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီးသီဆုံးလားခကာ ၃ ယောက် ဒဏ်ရာရဟိခသိမ့်သည်။
ယင်းနည်းတူ ဂျန်နဝါရီ ၁၉ ရက်နိကလေ့ မြောက်ဦးမြို့နယ် အခြီစိုက် မြန်မာစစ်တပ် ခမရ ၃၇၈ တပ်ရင်းအနား၌ ထင်းခွီလားသည့် နဒင်ရွာသားတယောက်လေ့ မိုင်းနင်းမိ၍ ခြီတဖက်ပြတ်ထွက်လားခကြောင်း သိရသည်။
ယင်းသို့ စစ်ကျန်လက်နက်များပေါက်ကွဲမှု နိစဉ်ရက်ဆက်ဖြစ်ပွားနီသည့်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကလေ့ စစ်ကျန်လက်နက်များနန့်ပတ်သက်၍ ပြည်သူများအား ထိရောက်သော နည်းလမ်းများနန့် လက်တွိကျကျ အသိပညာပီးဟောပြောခြင်းများ လုပ်ဆောင်လျက်ဟိပြီး၊ ပြည်သူများမှလေ့ တိတိကျကျလိုက်နာကတ်ရန် အထူးသတိပီးတိုက်တွန်းထားကြောင်း သိဟိရသည်။
