
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
ပရီးမီးယားလိဂ်ကဇတ်သမားဟောင်း အက်ဆု၏ ရုပ်အလောင်းကို တူရကီငလျင်အတွင်းပြိုကျလားသည့် အ ဆောက်အဦး အပျက်အစီးများအောက်တွင် ရှာတွိခကြောင်း အက်ဆု၏အေးဂျင့်ဖြစ်သူ Murat Uzunmehmet က ဖေဖော်ဝါရီ ၁၇ ရက်နိတွင် အတည်ပြုပြောကြားလိုက်သည်။
“အက်ဆု၏ ရုပ်အလောင်းကို အပျက်အစီးတိအောက်မှာ ရှာတွိခပါရေ။ လောလောဆယ်မှာ နောက်ထပ်ပစ္စည်း တိကို ထုတ်ယူနီပါရေ။” ဟု Uzunmehmet က ဆိုသည်။
အက်ဆုသည် ဖေဖော်ဝါရီ ၆ ရက်နိက တူရကီ၊ ဆီးရီးယားနယ်စပ်တွင် ရစ်ချ်တာစကေး ၇.၈ အဆင့်ဟိ အင်အား ပြင်းငလျင်ကြီးလှုပ်ခတ်မှုအတွင်း သူတည်းခိုနီသည့်အဆောက်အဦးပြိုကျပြီး အပျက်အစီးများအောက်၌ ပိတ်မိကာ သီဆုံးလားခြင်းဖြစ်သည်။
အသက် ၃၁ နှစ်အရွယ် ဂါနာလက်ရွီးစင်သည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီး၊ ဘုန်းမောက်၊ အဲဗာတန်၊ နယူးကာဆယ်လ် ယူနိုက်တက်စသည့်အသင်းများတွင်ကဇတ်ခပြီး ငလျှင်မလှုပ်ခတ်ခင်အချိန်ထိ တူရကီကလပ် ဟာတေစပေါအသင်းတွင် ကဇတ်နီခကြောင်းသိဟိရသည်။
Source – The agent confirms that Atsu’s body was found in the rubble
Photo – Reuters
