
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
မြန်မာပြည်တွင် လက်ဟိအချိန်အထိ တရားဝင်မှတ်ပုံတင်မထားသည့် ပြည်တွင်းဖုန်းဆင်းကဒ်များကို ဖေဖော်ဝါရီ ၁၆ ရက်နိမှစကာ ပိတ်သိမ်းခံနီရကြောင်း သုံးစွဲသူများထံမှ သိရသည်။
ပြည်တွင်းအော်ပရေတာ ၄ ခုအနက် MPT၊ အော်ရီဒူးနန့် အက်တမ် ဆင်းကဒ်များ စတင်အပိတ်ခံနီရကြောင်း သိရပြီး စစ်ကောင်စီပိုင် Mytel ဆင်းကဒ်များကိုမူ လတ်တလောတွင် မှတ်ပုံတင်စရာမလိုသိမ့်ဟု ဆိုသည်။
စစ်ကောင်စီ၏ ဆက်သွယ်ရီးညွှန်ကြားမှုဦးစီးဌာနမှ တယ်လီဖုန်းဆင်းကဒ်သုံးစွဲသူများအား နိုင်ငံသားစီစစ်ရီးကဒ်ဖြင့် ဆင်းကဒ်များကိုမှတ်ပုံတင်ရမည်ဟု ၂၀၂၂ ခုနှစ်၊ဒီဇမ်ဘာလမှစကာ ထုတ်ပြန်ကြေညာခပြီး မှတ်ပုံတင်ရာ၌ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရီးနန့် ပြည်သူ့အင်အားဝန်ကြီးဌာနဟိ အချက်အလက်များနန့် စစ်ဆီး၍ မှန်ကန်မှုမဟိလျှင် ပိတ်သိမ်းလားမည်ဟု အသိပီးထားသည်။
ယင်းသို့ အသိပီးရာတွင် တယ်လီဖုန်းအော်ပရေတာများမှတဆင့်လေ့ သုံးစွဲသူများအား ပြီးခသည့် ဖေဖော်ဝါရီ ၃၁ ရက်နိကို နောက်ဆုံးထား၍ ဆင်းကဒ်များအား မှတ်ပုံတင်ကတ်ရန်နန့် အချက်အလက်များကို စစ်ဆီး၍ မှန်ကန်မှုမဟိလျှင် ပိတ်သိမ်းလားမည်ဟု မက်ဆေ့များ ပီးပို့ခသည်။
မိမိရို့ကိုယ်တိုင် ဆင်းကဒ်မှတ်ပုံတင်မည်ဆိုပါက MPT အတွက် *601# ၊ ATOM အတွက် *979*3*3#၊ Ooredoo အတွက် *666# နန့် Mytel အတွက် *966# သို့ခေါ်ဆို၍ အချက်အလက်မှန်မမှန် စစ်ဆီးနိုင်ကြောင်း အသိပီးထား သည်။
Photo – ATOM
