
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
မြန်မာစစ်တပ်မှ ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် အမ်းဒေသခံ တယောက်အမှုကို အပြီးသတ်အမိန့်မချဘဲ (၅)ကြိမ်မြောက် ရုံးချိန်းရွှိဆိုင်းလိုက်ကြောင်း သိရသည်။
၁၇(၁)နန့် တရားစွဲခံထားရပြီး၊(၅)ကြိမ်မြောက် ရုံးချိန်းရွှိဆိုင်းခံလိုက်ရသူမှာ အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ညောင်ချောင်းရွာမှ ဦးအောင်တင်မြင့် (၄၅နှစ်) ဖြစ်သည်။
ဦးအောင်တင်မြင့်ကို ဖေဖော်ဝါရီ ၁၇ ရက်နိက အမ်းမြို့နယ်တရားရုံး၌ အပြီးသတ်အမိန့်ချရန် (၅)ကြိမ်မြောက်ရုံးထုတ်ခကေလေ့ တရားသူကြီးမှ တစုံတရာပြောဆိုခခြင်းမဟိဘဲ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် နိုဗမ်ဘာ ၁၄ ရက်နိက ဦးအောင်တင်မြင့် အမ်းမြို့ထက်သို့ ဈီးဝယ်လားစဉ် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကိုခံခရခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို ရက္ခိုင့်တပ်တော် AA နန့် ဆပ်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်မှ ဗိုလ်ကြီး ရာဇာထွန်း ဆိုသူက တရားလိုလုပ်၍ အမ်းမြို့နယ်တရားရုံး၌ ၁၇(၁) နန့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးအောင်တင်မြင့်သည် အမ်းမြို့နယ်တရားရုံးတွင် ၂ လခန့်ကြာ အမှုရင်ဆိုင်ခရပြီးနောက် လိုပြသက်သီးများအားလုံး စစ်ဆီးပြီးဖြစ်၍ အပြီးသတ်အမိန့်ချရန် ကျန်နီသိမ့်ကာ အမိန့်မချဘဲ ရုံးချိန်းရွှိဆိုင်းနီခြင်းဖြစ်ကြောင်းသိဟိ ရသည်။
