
APM ၊ ဖေဖော်ဝါရီ ၁၈ / ၂၀၂၃
ပါကစ္စတန်နိုင်ငံတောင်ပိုင်း၊ Sindh ပြည်နယ်၊ ကရာချိမြို့ဟိ ရဲဌာနချုပ်ကို TTP တာလီဘန်အဖွဲ့က ဖေဖော်ဝါရီ ၁၇ရက် နိ ညဇာ ၇ နာရီခန့်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၇ ယောက်သီဆုံးပြီး ၊ ၁၉ ယောက် ဒဏ်ရာရလားခကြောင်း အစိုးရတာဝန်ဟိသူများက ပြောကြားသည်။
ကရာချိရဲဌာနချုပ်အဆောက်အအုံအတွင်း ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ခန့် ဟိနီချိန်တွင်ရဲယူနီဖောင်းဝတ်ထားသည့် တာလီဘန်အဖွဲ့ဝင် ၁၀ ခန့်က မော်တော်ကား ၂ စီးနန့်လာရောက်လျက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခခြင်းဖြစ်ကြောင်းအကြီးတန်း ရဲအရာဟိ Irfan Baloch က ဆိုသည်။
စီးနင်းတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့နန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခပြီး ရဲတပ်ဖွဲ့ဖက်မှ ၄ ယောက်သီဆုံးကာ တာလီဘန်အဖွဲ့ဖက်က ၃ ယောက်သီဆုံးခကြောင်း Sindh ပြည်နယ်အစိုးရ ပြောခွင့်ရ Murtaza Wahab က အတည်ပြုပြောကြားထားသည်။
ပစ်ခတ်မှုများဖြစ်ပြီးနောက် လုံခြုံရီးတပ်ဖွဲ့ဝင်များသည် အဆောက်အအုံကို ပြန်လည်သိမ်းပိုက်နိုင်ခပြီး ရဲကွန်မန်ဒိုများနန့် ဗုံးယှင်းလင်းရီးတပ်ဖွဲ့များက အဆောက်အအုံအတွင်း လုံခြုံရီးတာဝန်များကို ဆက်လက်လုပ်ဆောင်နီသည် ဟုလေ့ Murtaza Wahab က ဆိုသည်။
ပါကစ္စတန်အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် Tehreek-e-Taliban Pakistan (TTP) ကတော့ အဆိုပါတိုက်ခိုက်မှုအား ၎င်းရို့ပြုလုပ်ခခြင်းဖြစ်ကြောင်းသတင်းထောက်များအား ပြောကြားထားသည်။
Source – At least four killed after militants storm Karachi police headquarters
Photo – Reuters
