APM ၊ ဒီဇမ်ဘာ ၁၈ / ၂၀၂၃
ဒီဇမ်ဘာ ၁၇ ရက်နိ၊ ညဇာ ၇ နာရီ ၅၀ မိနစ်လောက်မာ အမ်းမြို့နယ်၊ ကဇုကိုင်း တောဟိန်းတောင်အခြီစိုက် စစ်ကောင်စီ စခန်းက လက်နက်ကြီးတိနန့် ယမ်းကား ပစ်ခတ်ခလို့ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရလားကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “စစ်အင်အားဖြည့်တင်းလျက်ဟိသော အမ်းမြို့နယ်အတွင်း ညဇာ ၇ နာရီ ၅၀ မိနစ်အချိန်လောက်၌ ကဇုကိုင်း တောဟိန်းတောင် အခြီစိုက် စစ်ကောင်စီစခန်းက လက်နက်ကြီးများနန့် ယမ်းကား ပစ်ခတ်ခ၍ ကမ်းထောင်းကြီး မြို့ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခရာ ဒေသခံအမျိုးသမီး (၁) ယောက်နန့် အမျိုးသား (၂) ယောက် ထိခိုက်ဒဏ်ရာရဟိခသည်” လို့ဖော်ပြထားပါရေ။
အမ်းမြို့နယ်ထဲမာတော့ ဒီဇမ်ဘာ ၁၇ ရက်နိမာ စစ်ကောင်စီစွာ စစ်ရီးလှုပ်ယှားမှု နန့် အင်အားဖြည့်တင်းမှုတိ ပြုလုပ်လျက်ဟိရာ ရက္ခိုင့်တပ်တော် (AA) နန့် ထိတွိတိုက်ပွဲအချို့ ဆက်လက် ဟိနီခရေပိုင် အမ်းမြို့နယ် အပါအဝင် ရက္ခိုင်ပြည်၊ မြို့နယ်အချို့ကိုလည်း စစ်ကောင်စီက ဆက်သွယ်ရီးလိုင်းတိ ဖြတ်တောက်ခရေလို့ ဆိုပါရေ။
ဒီဇမ်ဘာ ၁၆ ရက်နိမိုးထကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ လောက်စွာကျောက်ဖြူမြို့အတွင်းသို့ စစ်ကားကြီး၊ ငယ်တိနန့် စစ်ရီးလှုပ်ယှားမှုတိဟိခရေပိုင် မိုးထ ၈ နာရီလောက်မာ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ဟိ ပင်လယ်ကမ်းစပ်အနားမာ ငါးဖမ်းပိုက်ချနီကတ်တေ ရီလုပ်သား (၆) ယောက်ကိုလည်း ယင်း ရပ်ကွက်အတွင်း လုံခြုံရီးယူထားရေ စစ်ကောင်စီတပ် ဖွဲ့ဝင်တိက ငါးဖမ်းပိုက်တိသိမ်းယူလားပနာ ငါးဖမ်းပိုက်ကွန် (၁) ခုကို အမဲသား (၁) ပိဿာနန့် လာရောက်ရွီးယူစီပြီးကေ ပြည်သူ့ချွေးနှဲစာကို လက်နက်နန့် ခြိမ်းခြောက်အနိုင်ကျင့်မှုတိ ပြုလုပ်ခရေလို့ ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁၇ ရက်နိမိုးထ ၇ နာရီကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ရွာက ဈီးရောင်းချနီရေ ဒေသခံ (၆) ယောက်၊ ကျောက်တလုံးကယ်ဆယ်ရီးစခန်းက ဈီးရောင်းချနီလူ (၁၃) ယောက်ရို့ကို မြို့ထဲသို့ ဟင်းသီးဟင်းရွက် ရောင်းချဖို့လားချိန်ကျောက်ဖြူလီယာဉ်ကွင်းအဆုံးမာ လုံခြုံရေးယူထားရေ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၂၀) လောက်က ခလရ (၃၄) တပ်ရင်းသို့ ဖမ်းယူလားခပါသိမ့်ရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ကျောက်ဖြူပင်လယ်ပြင်နန့် ၎င်းရို့အခြီစိုက်ရာ သစ်ပုတ်တောင်ရီတပ်စခန်းကနီ မြစ်ကြောင်းတလျှောက် စစ်ရီးလှုပ်ယှားမှုတိ ပြုလုပ်နီပနာ အရပ်သားပြည်သူတိ နီထိုင်ရာ ကျေးရွာ၊ ရပ်ကွက်တိ အနားမာလည်း လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းပြီးကေ လုံခြုံရီးယူရေ အကြောင်းပြချက်မျိုးနန့် လမ်းလားလမ်းလာတိကိုအနှောင့်အယှက်ပီး ဖမ်းဆီးစွာတိ ဆက်တိုက်ပြုလုပ်လာနီပါရေ။
ဒီဇမ်ဘာ ၁၇ ရက်နိ၊ မိုးထ ၁၁ နာရီ ၃၀ မိနစ်ကလည်း ရမ်းဗြဲမြို့နယ်၊ သံချောင်း တိုက်နယ်၊ သရက်ချောင်းကျေးရွာက အသက် (၃၇) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ယောက်စွာ ကျန်းမာရီး မကောင်းလို့ တရွာတည်းနီ (၁၉) နှစ်အရွယ် ဒေသခံ (၁) ကို အဖော်ခေါ်ပနာ ရမ်းဗြဲမြို့ထက်သို့ ဆီးခန်းလားပြခပြီး ပြန်အလာသိမ်တောင်ဘုရားမာ စခန်းချတပ်စွဲထားရေ အမှတ် (၃၈) ခြီလျင်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကသည် သူရို့စခန်းချရာ သိမ်တောင်စခန်း သို့ ဖမ်းယူလား ခပါရေ။
မြောက်ဦးမာလည်း ဒီဇမ်ဘာ ၁၇ ရက်နိက မြို့အပြင်ဖက်သို့ စစ်ကြောင်း လှုပ်ယှားလာရေ မြောက်ဦးအခြီစိုက် ရဲတပ်ရင်း (၃၁) က စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ရက္ခိုင့်တပ်တော် (AA) ရို့ ထိတွိတိုက်ပွဲဖြစ်ပွားခရာ တိုက်ပွဲဖြစ်ပွားရာနီရာသို့ ယင်းရဲတပ်ရင်းက လက်နက်ကြီးတိနန့် ယမ်းကား ပစ်ကူခရေအပြင် တိုက်ပွဲဖြစ်ပွားပြီးနောက်မာ စစ်ကောင်စီစွာ စစ်ရီး နန့် သက်ဆိုင်ခြင်းမဟိရေ အပြစ်မဲ့ဒေသခံ (၂) ဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်လားခပနာ သူရို့နှစ်ယောက်ကို မြောက်ဦးအခြီစိုက် (၅၄၀) တပ်ရင်းမာ ဒေဂုအချိန်အထိ ဆက်လက်ဖမ်းဆီးထားသိမ့်ရေလို့ သိရပါရေ။
ဒီဇမ်ဘာ ၁၇ ရက်နိ၊ မိုးထ ၁၁ နာရီ ၃၂ မိနစ်အချိန်ကစလို့ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ဟိစစ်ဆင်ရီးကွပ်ကဲမှုဌာနချုပ် စကခ(၁၅)လက်အောက်ခံတပ်ရင်းတခုဖြစ်တေ ရသေ့တောင်မြို့ အခြီစိုက် ခမရ (၅၃၇) တပ်ရင်း ကလည်း ၁၂၀ မမ နန့်အဆက် မပြတ်ယမ်းကားပစ်ခတ်ခလို့ ရသေ့တောင်မြို့နယ်၊ သဝင်ချောင်းကျေးရွာ၏ မြောက်ဘက် မီတာ(၁၀၀) ကျော်အကွာသို့လက်နက်ကြီးကျည်တိ ကျရောက်ပေါက်ကွဲခရေလို့ ဆိုပါရေ။
တချိန်တည်းမာဒုံးပိုက်ကျေးရွာနန့် ချိန်ခါလီကျေးရွာကြားပင်လယ်ပြင်ကလည်းစစ်ကောင်စီ ၏ နေဗီတစီးစွာ ၈၀ မမ နန့် (၅) ကြိမ် အဆက်မပြတ်ထပ်လို့ပစ်ခတ်ခရာ သဝင်ချောင်းကျေးရွာနန့် အနီးအနားမာလက်နက်ကြီးကျည်တိ ကျရောက်ပေါက် ကွဲခပါသိမ့်ရေ။
အလားတူ ၊ မောင်တောမြို့နယ်၊ အင်းဒင်အခြီစိုက် စစ်ကောင်စီ၏ နခခ (၆) တပ်ရင်းက ဒီဇမ်ဘာ ၁၇ ရက်နိ၊ နိခင်း ၁၁ နာရီ ၄၅ မိနစ်အချိန်မာ အောင်သုခကျေးရွာနန့် ကိုးတန်ကောက်ကျေးရွာကြားဟိ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တိဟိရာ မေယုတောင်တန်းသို့ လက်နက်ကြီးနန့် (၆) ကြိမ်တိုင်တိုင် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၁၇ ရက်နိမာပင် ညည့်လူခြီတိတ်ဆိတ်ချိန် ၉ နာရီ ၃၀ မိနစ်လောက်မာပေါက်တောမြစ်ထဲဟိ စစ်ကောင်စီ၏ ဇက်ရီယာဉ်တစီးစွာ ဇီးချိုမော်ကျေးရွာဖက်သို့ လက်နက်ကြီး၊ ငယ်တိနန့် အဆက်မပြတ်ယမ်းကား ပစ်ခတ်ခရေပိုင် ဒီဇမ်ဘာ ၁၆ ရက်နိညည့် ၁၀ နာရီအချိန်ကလည်း စစ်ကောင်စီ၏ ဇက်ရီယာဉ်တစီးစွာ မြင့်ဂါကျေးရွာ၊ တောင်ဦးမော်ကျေးရွာနန့် ပြားသူကြွယ်ကျေးရွာတိဖက်သို့ လက်နက်ကြီးနန့် (၇) ကြိမ် ယမ်းကားပစ်ခတ်ခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။