
APM ၊ ဒီဇမ်ဘာ ၁၈ / ၂၀၂၃
ဒီဇမ်ဘာ ၁၈ ရက်နိ၊ မိုးထပိုင်းက ကျောက်ဖြူမြို့နယ်မာ အရပ်သားပြည်သူ ၈ ယောက်ကို စစ်ကောင်စီတပ်ကဖမ်း ဆီးလားကြောင်း သတင်းရဟိပါရေ။
ဖမ်းဆီးခံရလူတိကတော့ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အောင်စေတီရွာက ဦးမောင်သိန်းမြင့်(၄၅ နှစ်)၊ ဒေါ်မတင်ဝေ(၅၀ နှစ်)၊ ဒေါ်ခင်မြသန်း(၄၆ နှစ်)၊ ဒေါ်မကျော့စိန်(၆၀ နှစ်)၊ ဒေါ်ခင်အေးကြည်(၆၁ နှစ်) နန့် ကျောက်ဖြူမြို့၊ င/လပွိရပ်ကွက်(ရွာသစ်ကေစု)က ကိုဆန်းဝင်းလှိုင် (၁၈ နှစ်)၊ ဦးမောင်စိုးနိုင်(၃၀နှစ်) နန့် ဦးမောင်ဌေးကျော်(၄၀ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ယင်းအထဲ အောင်စေတီရွာက ဦးမောင်သိန်းမြင့်၊ ဒေါ်မတင်ဝေ၊ ဒေါ်ခင်မြသန်း၊ ဒေါ်မကျော့စိန်နန့် ဒေါ်ခင်အေးကြည်ရို့ ၅ ယောက်စွာ ဒေနိမိုးထစောစော ၅ နာရီလောက်မာ ကျောက်ဖြူသို့ ဈီးရောင်းလာချိန် လီယာဉ်ကွင်းအဆုံးမာ လုံခြုံရီးယူထားရေ စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်းတပ်ဖွဲ့ဝင်တိနန့် ရဲပူးပေါင်းအင်အား ၃၀ ကျော်လောက်က ဖမ်းယူလားခစွာဖြစ်ပါရေ။
င/လပွိ ရပ်ကွက်က ကိုဆန်းဝင်းလှိုင်၊ ဦးမောင်စိုးနိုင်နန့် ဦးမောင်ဌေးကျော်ရို့ ၃ ယောက်ကိုတော့ ဒေနိညဇာ ၄ နာရီ မိနစ် ၂၀ လောက်မာ ရပ်ကွက်အတွင်း ကင်းလှည့်နီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိက ဖမ်းယူလားစွာဖြစ်ပါရေ။
ယင်း ၈ ယောက်အနက်က ဒေါ်မကျော့စိန်၊ ဒေါ်ခင်အေးကြည်၊ ဦးမောင်စိုးနိုင်နန့် ဦးမောင်ဌေးကျော် ရို့ ၄ ယောက်ကို နောက်ပိုင်းမာ ပြန်လွှတ်ပီးလိုက်ကေလေ့ ဦးမောင်သိန်းမြင့်၊ ဒေါ်မတင်ဝေ၊ ဒေါ်ခင်မြသန်းနန့် မောင်ဆန်းဝင်းလှိုင်ရို့ ၄ ယောက်ကိုတော့ ဒေဂုအချိန်ထိ ဆက်ဖမ်းထားတုန်းလို့ သိရပါရေ။
ဒီဇမ်ဘာ ၁၇ ရက်နိကလည်း ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက် ရောင်းဖို့လားရေ ဂုံးချွိန်ရွာက ဈီးသည် ၆ ယောက်နန့် ကျောက်တလုံးကယ်ဆယ်ရီးစခန်းက ဈီးသည် ၁၃ ယောက်ကို စစ်ကောင်စီတပ်ကဖမ်းလားပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲတိဖြစ်ပွားလျက်ဟိရာ တိုက်ပွဲကာလတလျှောက် အပြစ်မဲ့ပြည်သူတိကို ဖမ်းဆီးနီရေ စစ်ကောင်စီစွာ တကျော့ပြန်တိုက်ပွဲ့စတင်ခရေ နိုဗမ်ဘာ ၁၃ ရက်နိကပင် ဒေနိအထိရက္ခိုင်ပြည်အနှံ့က အပြစ်မဲ့ ရက္ခိုင်ပြည်သူ စုစုပေါင်း ၃၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း သိဟိရပါရေ။
