(ဒီဇမ်ဘာ ၁၁ ရက်နိမှ ဒီဇမ်ဘာ ၁၇ ရက်နိအထိ)
၁။ ၁၁-၁၂-၂၀၂၃ (တလင်းလာ)
(၁) ဒီဇမ်ဘာ ၅ ရက်နိ၊ မွန်းလွဲပိုင်းအချိန် င/ပြီကျွန်းအနားမာ တန့်ထားရေ စစ်ကောင်စီ နေဗီက စစ်ကောင်စီတပ်ဖွဲ့ ဝင်တိစွာ ပေါက်တောမြို့နယ်၊ မနော်သီရိရွာကို လက်နက်ကြီးနန့်ပစ်ပနာ ရွာကိုမီးတိုက်ခပြီးနောက် ဦးဘထွန်း (၅၆နှစ်) နန့် ဦးဇော်မတက် (၃၀နှစ်) ရို့ကို ဖမ်းခေါ်လားခပါရေ။
(၂) ရက္ခိုင်ပြည်အနှံ့ပြည်သူလုထုရို့၏ အသက်အိုးအိမ်စည်းစိမ်ရို့ကို နည်းလမ်းမျိုးစုံနန့် အကြမ်းဖက်မှု ကျူးလွန်နီရေ အကြမ်းဖက်စစ်ကောင်စီ၏ ကျွန်ပညာရီးစနစ်ကို အလိုမဟိကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဒီဇမ်ဘာ ၁၁ ရက်နိမာ သဘောထားထုတ်ပြန်ပါရေ။
၂။ ၁၂-၁၂-၂၀၂၃(အင်္ဂါ)
(၁) မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာက ဦးကျော်မင်းစိုး(၃၀နှစ်) ၊ ဦးသန်းမောင်ကြီး(၅၃နှစ်)၊ ကိုကျော်ဆန်းထွန်း(၂၃နှစ်)၊ ကိုဇော်မင်းဦး(၂၃နှစ်)၊ ဦးလှထွန်းကျော်(၆၇ နှစ်)၊ ဒေါ်သန်းသန်း(၅၀နှစ်)နန့် ဒေါ်စံပယ်လှိုင်(၃၄နှစ်)ရို့ နန့်အတူ အပြစ်မဲ့ ပြည်သူ အများအပြားကို စစ်ကောင်စီတပ်က ဒီဇမ်ဘာ ၁၁ ရက်နိ၊ ညည့်မာ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခပါရေ။
(၂) မြောက်ဦးမြို့ဟိ စစ်ကောင်စီတပ်ခမရ( ၃၇၇ ) နန့် ခမရ ( ၅၄၀) တပ်ရင်းတိကနီ ဒီဇမ်ဘာ ၁၂ ရက်နိ၊ နိခင်းပိုင်းမာ စစ်ရီးနန့် လုံးဝ မသက်ဆိုင်ရေ ရပ်ရွာတိသို့ လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခပါရေ။
(၃) မြေပုံမြို့၊”ငုပင်လယ်”ဖောင်တော်ဆိပ်မာ ဂိတ်ချထားရေ ခလရ (၉၃) တပ်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ ဒီဇမ်ဘာ ၁၂ ရက်နိ မိုးထဖက်က ရွက်ဖြူတိုင် မြစ်အတွင်း လားလာနီကတ်တေ ဘုတ်တိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် လှမ်းပစ် ခပါရေ။
(၄) ဒီဇမ်ဘာ ၁၂ရက်နိ မိုးထ ၈ နာရီကစလို့ တရက်တည်းအတွင်း ရက္ခိုင်ပြည် မြို့နယ် ၆ ခုထက်မနည်းမာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ချေတိအပြင် လီကြောင်း၊ရီကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နီကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါရေ။
(၅) ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာနန့် အောင်ဇေယျ(ကုလားချောင်း) ရွာမာစပါးရိတ်သိမ်းခွင့်ကို စစ်ကောင်စီ ခမရ(၂၀၅) တပ်ရင်းက ပိတ်ထားပါရေ။
(၆) ဒီဇမ်ဘာ ၁၂ ရက်နိ နိခင်းမာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့်ပစ်လို့ မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းရွာက ဦးသိန်းထွန်းမောင် (၄၁ နှစ်) ဒဏ်ရာရလားခပါရေ။
(၇) ဒီဇမ်ဘာ ၁၂ ရက်နိ ညဇာ ၈ နာရီလောက်မာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ ပစ်လိုက်တေ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ ပုဏ္ဏားကျွန်းမြို့နယ်က မအေးမြတ်နွယ် (၆နှစ်)နန့် သမီးကြီး မအေးအေးခိုင် (၁၂ နှစ်) ရို့ ထိ ခိုက်ဒဏ်ရာ ရလားပါရေ။
၃။ ၁၃-၁၂-၂၀၂၃ (ဗုဒ္ဓဟူး)
(၁) ဒီဇမ်ဘာ ၁၂ ရက်နိညဇာ ၄နာရီလောက်က စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းအောက်မာ ကျောက်ချရပ်တန့်ထားရေ ဘုတ်၊ သမ္ဗာန်နန့် စက်လှီ စုစုပေါင်းအစီး ၂၀ နီပါးကနီ အပြစ်မဲ့အရပ်သားပြည်သူ ၅၅ ယောက်ကို စစ်ကောင်စီက ဖမ်းယူ လားခပါရေ။
(၂) ဒီဇမ်ဘာ ၁၃ ရက်နိ မိုးထ ၁၁ နာရီလောက်မာ စစ်ကောင်စီတပ်က လက်နက်ကြီးနန့် ပစ်ခတ်လို့ အမ်းမြို့နယ်၊ နကဇုကိုင်းတိုက်နယ်၊ဒါးလက်ချောင်းအုပ်စု၊ အထက်ရွာဟောင်းရွာက ဦးမောင်ကြီး (၅၄ နှစ်) ပြင်းပြင်းထန်ထန်ဒဏ်ရာရ လားခပါရေ။
(၃) ဒီဇမ်ဘာ ၁၃ ရက် ညဇာ ၄ နာရီ မိနစ် ၃၀ လောက်မာ ကမ္ဘာ့ယဉ်ကျေးမှုအမွီအနှစ် (UNESCO) စာရင်းဝင်ဖို့ ကြိုးပမ်းလုပ်ဆောင်နီရေ ရက္ခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို အကြမ်းဖက် မြန်မာစစ်ကောင်စီက Mi35 တိုက် ခိုက်ရီးရဟတ်ယာဉ်နန့် လူမဆန်စွာ ယမ်းကား ပစ်ခတ်တိုက်ခိုက်ခပါရေ။
၄။ ၁၄-၁၂-၂၀၂၃ (ကြာသပတီး)
(၁) ဒီဇမ်ဘာ ၁၄ရက်နိ၊ မိုးထ ၁၀ နာရီကျော်က ဘူးသီးတောင်အခြီစိုက်စစ်ကောင်စီတပ် ခမရ(၅၆၅) တပ်ရင်းက လက် နက်ကြီးပစ်လို့ ဘူးသီးတောင်မြို့နယ်၊ကြက်မောက်တောင်ရွာက မောင်အဒူရာမာန် (၁၁နှစ်) ထိခိုက်ဒဏ်ရာရ လားခပါရေ။
(၂) ဒီဇမ်ဘာ ၁၂ ရက်နိ ညည့်မာ အမ်းမြို့၊ ဆက်သွယ်ရီးလမ်း၊ရပ်ကွက် (၄)က ဦးဇော်မျိုးထွန်း ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တိ ဖမ်းယူလားခပါရေ။
(၃) ဒီဇမ်ဘာ ၁၃ ရက်နိ၊ ညဇာက ကျောက်ဖြူမြို့၊ဂုံးချွိန်ကျေးရွာက ကိုဇော်ထက် (၂၈နှစ်) ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားခပါရေ။
(၄) ၁၀၂၇ စစ်ဆင်ရေး စတင်ခရေ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၂၇ ရက်နိကစလို့ ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၁၀ ရက်နိအထိ ရက်ပေါင်း (၄၅) ရက်အတွင်း ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စခန်းစုစုပေါင်း ၁၄၂ ခု သိမ်းပိုက် ရယူနိုင်ခပြီးဖြစ်ကြောင်း ရက္ခိင့်တပ်တော်(AA)က ထုတ်ပြန်ပါရေ။
၅။၁၅-၁၂-၂၀၂၃ (သောကြာ)
(၁) ဒီဇမ်ဘာ ၁၅ ရက်နိ မိုးထက စစ်ကောင်စီတပ်ထောင်ထားရေ မိုင်းကို နင်းမိလို့ ပေါက်ကွဲမှု ဖြစ်ပြီးကေ မင်းပြားမြို့၊ စျီးဟောင်းပိုင်းရပ်ကွက်၊ ခဝါသည်တန်းက ဦးကျော်မောင်( ၃၈ နှစ်) ခြီနှစ်ဖက် ပြတ်လားပါရေ။
(၂) ကျောက်ဖြူမြို့နယ်မာ ဒီဇမ်ဘာ ၁၅ရက်နိ မိုးထကစလို့ စိုင်ခြုံရွာနန့်ရှောက်ချောင်းရွာတိကို စစ်ကောင်စီတပ်(နေဗီ)က ဝင်စစ်နီခပြီး၊ ရွာသားတိကို ခြိမ်းခြောက်မှုတိ ပြုလုပ်ခပါရေ။
(၃) ဒီဇမ်ဘာ ၁၅ ရက်နိ ညဇာပိုင်းက မောင်တောမြို့နယ်မာ စစ်ကောင်စီတပ် နခခ(၅)က လက်နက်ကြီးနန့်တိုက်ခိုက်ခလို့ ရွာသာယာရွာက အသက် ၅၈ နှစ်အရွယ် ဒေါ်မသာနု ထိခိုက်ဒဏ်ရာရလားခပါရေ။
၆။ ၁၆-၁၂-၂၀၂၃ (စနီ)
(၁) ဒီဇမ်ဘာ ၁၆ ရက်နိ နိခင်း ၁၁ နာရီ ၁၅ မိနစ်လောက်မာ ပေါက်တောမြစ်ထဲ တောင်းဖူးသောင်ပြင်နားဟိ စစ်ကောင်စီ ဇက်စစ်ရီယာဉ် (ဗျ)က မြစ်ထဲလားလာနီရေ ဘုတ်တစီးကို စက်သီနတ်နန့် (၈) ချိန်းလောက်လှမ်းပစ်ခပါရေ။
(၂) ဒီဇမ်ဘာ ၁၅ ရက်နိ ညည့်က သံတွဲမြို့နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက် (ကွက်သစ်)က ဦးစည်သူ နန့် ဦးသိန်းမောင်ရို့ ၂ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးလားခပါရေ။
၇။ ၁၇-၁၂-၂၀၂၃(တလင်းဂနီ)
(၁) ဒီဇမ်ဘာ ၁၇ ရက်နိ မိုးထပိုင်းက ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ရွာက ဈီးသည် ၆ ယောက်နန့် ကျောက် တလုံးကယ်ဆယ်ရီးစခန်းက ဈီးသည် ၁၃ ယောက် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားခပါရေ။
(၂) ဒီဇမ်ဘာ ၁၇ ရက်နိ မိုးထ ၁၁ နာရီလောက်မာ ရမ်းဗြဲမြို့နယ်၊ သံချောင်းတိုက်နယ်၊သရက်ချောင်းကျေးရွာက ဦးဇော်ဇော် (၃၇ နှစ်)နန့် မောင်ဆန်းထက်ကျော်(ခ)မောင်မောင်(၁၉ နှစ်)ရို့ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခပါရေ။