APM ၊ ဒီဇမ်ဘာ ၁၈ / ၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၁၈ ရက်နိ) မိုးထကစလို့ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ရည်ရွယ်ချက်ဟိဟိ ကြည်း၊ရီ၊ လီ ပတ်ဝိုက် တိုက်ခိုက်ခရာ အပြစ်မဲ့ပြည်သူတယောက် သီဆုံးခရပြီးကေ၊ ၃ ယောက်ထက်မနည်း ဒဏ်ရာရလားပနာ အိုးအိမ်အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခရကြောင်း သိရပါရေ။
စစ်ကောင်စီ၏ လူမဆန်စွာ တိုက်ခိုက်မှုကြောင့် အသက်ဆုံးပါးခရသူကတော့ ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်၊ လောင်းချောင်းရပ်က ဦးမောင်ဇိတ်(၄၆ နှစ်) ဖြစ်ပြီးကေ ဒဏ်ရာရလား လူတိကတော့ အမှတ်(၅)ရပ်ကွက် လောင်းချောင်းရပ်က မအေးဝါချေ (၁၅ နှစ်)၊ မတိုးဝါချေ (၁၃နှစ်) နန့် ညောင်ပင်လှရွာက ဦးစိန်ရွှီဦး (၆၁ နှစ်) ရို့ ဖြစ်ကတ်ပါရေ။
ဒေနိမိုးထ ၈ နာရီလောက်က စပြီးကေ စစ်ကောင်စီစွာ ရမ်းဗြဲမြို့ကို တိုက်လီယာဉ်တိ၊ ရဟတ်ယာဉ်တိ၊ ဒရုန်းတိ၊စစ်သင်္ဘောနေဗီတိကို အသုံးပြုပြီးကေ လီကြောင်း၊ ရီကြောင်းကနီပနာ လက်နက်ကြီးတိ၊ ဒရော့ဗုံးတိအသုံးပြုပျာ တရက်လုံးနီးပါး အဆက်မပြတ် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခပါရေ။
ဒေနိမိုးထ ၈ နာရီ ၁၀ မိနစ်လောက်က စစ်ကောင်စီ ပစ်ခတ်ခရေ လက်နက်ကြီးကျည်တလုံးစွာ အမှတ်(၅)ရပ်ကွက်၊ လောင်းချောင်းရပ်သို့ ကျရောက်ပေါက်ကွဲခပနာ ယင်းရပ်ကွက်နီ ဦးမောင်ဇိတ်မာ လက်ကြီးကျည်စကျပြီးကေ နီရာမာပင် ဂွင်တိုင်း သီဆုံးလားခရပိုင် အရွယ်မရောက်သိမ့်ရေ မအေးဝါချေနန့် မတိုးဝါချေရို့ ညီအစ်မနှစ်ယောက်လည်း ဒဏ်ရာရလားခရေလို့ မျက်မြင်မြို့ခံတိကပြောပါရေ။
ယင်းအပြင် ဒေနိညဇာ ၄ နာရီခွဲလောက်ကလည်း စစ်ကောင်စီ၏ ဒရုန်းက ကြဲချခရေ ဒရော့ဗုံးတလုံး ညောင်ပင်လှရွာအတွင်းကျရောက်ပေါက်ကွဲခပြီးကေ ဦး စိန်ရွှီဦးမာ ပြင်းထန်ဒဏ်ရာရလားရေလို့ ဆိုပါရေ။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့်ရမ်းဗြဲ မြို့ပေါ်ရပ်ကွက်တိက လူနီအိမ်တချို့ထိခိုက်ပျက်စီးခရပိုင် ဆီဆိုင်တန်းလည်းမီးလောင်ပျက်စီးလားခရရေလို့ သိဟိရပါရေ။