APM၊ နိုဗမ်ဘာ ၁၈/၂၀၂၃
အဝီးသင်တက္ကသိုလ်ကျောင်းသားတိ အိမ်ပြန်ဖို့အတွက်လောက်ရာ စစ်တွေမြို့က တခြားမြို့တိသို့ နက်ဖြန်၊ သံဖက် (နိုဗမ်ဘာ ၁၉ ၊ ၂၀) နှစ်ရက်တာလမ်းဖွင့်ပီးဖို့လို့ သိရပါရေ။
လက်ဟိ စစ်တွေတက္ကသိုလ်မှာ အဝီးသင်စာမိန်းပွဲဖြေဖို့ ရခိုင်ပြည် မြို့နယ်အသီးသီးက အဝီးသင်ကျောင်းသားတိရောက်ဟိနီပြီးကေ ဒေနိ နိုဗမ်ဘာ ၁၈ ရက်နိမာ စာမိန်းပွဲဖြေဆိုပြီးစီးလားပြီး ဖြစ်ပါရေ။
ကျောင်းသားတိနီရပ်ပြန်ရီးနန့်ပတ်သက်လို့ စစ်တွေတက္ကသိုလ်ဆရာတယောက်က “ဒေနိမာ နီရပ်ပြန်ဖို့ကျောင်းသားတိကို နိုဗမ်ဘာ ၁၉၊ ၂၀ ပြန်ပို့ဖို့စီစဉ်ထားပါရေ။ ဒေနိညဇာ ၃ နာရီလောက်ကပင်လက်မှတ်ဝယ်ကတ်ဖို့ပြောထားပါရေ။ ကျောင်းသားတိအတွက်လောက်ရာ လမ်း ကြောင်းချပီးလားဖို့လို့ကြားပါရေ” လို့ ပြောပါရေ။
နက်ဖြန်ခါအတွက် ရီကြောင်းခရီးစဉ် ဘူးသီးတောင်၊ မောင်တောခရီးစဉ်လက်မှတ်တိကို ပြည်တွင်းရီကြောင်းပို့ဆောင်ရီး၊ရသေ့တောင်သို့ လက်မှတ်တိကို ရွှေပြည်တန်အမြန်ရီယာဉ်က ရောင်းချပီးပြီးကေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းနန့် ပလက်ဝမြို့နယ်တိအတွက်ကားလက်မှတ်တိကိုတော့ ဂစ္ဆပကားခရီးစဉ်က ဒေနိ စစ်တွေတက္ကသိုလ်မာ ရောင်းချပီးခပါရေ။
ယင်းပိုင် နီရပ်ပြန်ပို့ဖို့အစီအစဉ်မာ စစ်ရီးတင်းမာနီရေ ပေါက်တောမြို့နယ်က အဝီးသင်ကျောင်းသားတိမပါဝင်လို့သိရပါရေ။
နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲတိ ပြန်ဖြစ်လာရေအတွက် လမ်းတိကိုပိတ်ထားပြီးကေ နီရပ်မပြန်နိုင်ရေ ပြည်သူတိ စစ်တွေနန့် တခြားမြို့တိမာ တပတ်နီးပါးသောင်တင်နီပြီးကေ လမ်းပြန်ဖွင့်ဖို့ကို စောင့်မျှော်နီကတ်ပါရေ။