APM၊ နိုဗမ်ဘာ ၁၈/ ၂၀၂၃
ရက္ခိုင်ပြည်မာ စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော်(AA) ရို့၏ တိုက်ပွဲတိကြောင့် နီရပ်စွန့်ခွာတိမ်းယှောင်သူဦးရေ ၂ သောင်း ၆ ထောင်ကျော် ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရီးရုံး (UNOCHA) က နိုဗမ်ဘာ ၁၇ ရက်နိမာ အစီရင်ခံစာ ထုတ်ပြန်ပါရေ။
နိုဗမ်ဘာ ၁၃ ရက်နိကစလို့ ရက္ခိုင်ပြည်မာ တကျော့ပြန်ဖြစ်ခရေ တိုက်ပွဲတိကြောင့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနန့် ရသေ့တောင် မြို့နယ်တိမာ လူပေါင်း ၂၆,၁၇၅ လောက်စွာ နီရပ်စွန့်ခွာ ထွက်ဗြီးနီရစွာဖြစ်ပြီးကေ ယင်းအထဲမာ လူဦးရေ ၁၉,၀၀၀ စွာ ပေါက်တောမြို့နယ်ကလို့ ဖော်ပြထားပါရေ။
နိုဗမ်ဘာ ၁၆ ရက်နိအထိ ရက္ခိုင်ပြည်မာ အယင်ကပင်ဟိခရေ စစ်ဖီးယှောင်တိအပါအဝင် စစ်ဖီးယှောင်ဦးရေ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိ တိုးလာနီရေလို့ ဆိုပါရေ။
တခြားပြည်သူလူထုမာလည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုတိ ပြင်းထန် လာဖို့စွာကို ကြောက်ရွံနီပြီးကေ အခြေအနီပိုဆိုးလာပါက နောက်ထပ်စစ်ဖီးယှောင်တိတိုးလာနိုင်ရေလို့ ဖော်ပြထားရေ။
တချိန်တည်းမာ စစ်ကောင်စီစွာ နိုဗမ်ဘာ ၁၃ ရက်နိကစလို့ စစ်တွေ-ရန်ကုန်ကားလမ်းနန့် ရက္ခိုင်ပြည်အတွင်းဟိ မြို့နယ် အသီးသီးကိုဆက်သွယ်ထားရေ အဓိက ကားလမ်း၊ ရီလမ်းတိကို ပိတ်ဆို့ထားပနာ ကုန်စည်ပို့ဆောင်ရီးနန့် ကုန်သွယ်မှုအပါအဝင် လားလာလှုပ်ယှားမှုတိကို ပြင်းပြင်းထန်ထန် တားမြစ်ထားရေလို့ ဆိုပါရေ။
ယင်းကန့်သတ်ပိတ်ဆို့မှုတိကြောင့် အရပ်သားလားလာမှုနန့် လူသားချင်းစာနာထောက်ထားမှု အကူအညီတိ ထောက်ပံပီးနီ စွာတိကို ထိခိုက်စီပြီးကေ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်း အားလုံးနီးပါးကို ရပ်ဆိုင်းထားရကြောင်း ဖော်ပြထားပါရေ။
ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ စစ်တွေနန့် ပုဏ္ဏားကျွန်းမြို့နယ်တိမာ တိုက်ပွဲတိမဖြစ်ကေလေ့ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုတိကြောင့် နိုဗမ်ဘာ ၁၃ ရက်နိကစလို့ လူ ၁၁ ယောက်သီဆုံး ခပြီးကေ ထိခိုက်ဒဏ်ရာရရေလူ ၃၀ ကျော်ဟိရေလို့ ဆိုပါရေ။
ယင်းအပြင် စစ်ကောင်စီရေ အရပ်သားပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထားရေပိုင် နောက်ထပ်လည်း ရက္ခိုင့်တပ်တော် (AA) ကို ထောက်ခံ လူတိကို ဖော်ထုတ်ဖို့ နီရာအနှံ့ စစ်ဆီးမှုတိ တိုးမြှင့်လုပ်ဆောင်နီရေလို့ ထုတ်ပြန်ချက်မာ ပါဟိပါရေ။
စစ်တွေမြို့မာ ညည့် ၉ နာရီက မိုးထ ၆ နာရီအထိ ညည့်မထွက်ရအမိန့်ကို စစ်ကောင်စီက ကြေညာထားကြောင်းနန့် နိုဗမ်ဘာ ၁၅ ရက်နိက ရက္ခိုင့်တပ်တော် (AA) ယာယီထိန်းချုပ်ခရေ ပေါက်တောမြို့ကို စစ်ကောင်စီက လီကြောင်းနန့်တတူ ရီတပ်ကပါ စစ်ဆင်ရီးတိ အပြင်းအထန် ပြုလုပ်ခကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
Source – Myanmar: Escalating Hostilities – Rakhine and Southern Chin Flash Update #5
Photo – UNOCHA