APM ၊ နိုဗမ်ဘာ ၁၈ /၂၀၂၃
ရက္ခိုင့်တပ်တော်AA ဝင်ရောက်တိုက်ခိုက်ဖို့ကို ကြောက်ပနာ တောင်ကုတ်က တန်းထား သုံးခုကို စစ်ကောင်စီ ချက်ချင်းဖျက် ခိုင်းနီကြောင်း သိရပါရေ။
ယင်းတန်းထား သုံးခုမာ ကိုင်းရှည်ရပ်ကွက်နန့် တောင်ကုတ်မြို့မဈီးကို ဆက်သွယ်ထားရေ ကိုင်းရှည်ဝါးတန်းထား၊ တောင်ရွာနန့် တောင်ကုတ်မြို့ဖက်ကမ်း မှိုဟင်းတောရွာကို ဆက်သွယ်ထားရေ တန်းထား၊ သလိန်ပြင်ရွာနန့် တောင်ကုတ်မြို့ဖက်ကမ်း ဝက်ကျိပ်ရွာကို ဆက်သွယ်ထားရေ တန်းထားရို့ဖြစ်ပါရေ။
ယင်းအထဲက ကိုင်းရှည်ဝါးတန်းထားကို နိုဗမ်ဘာ ၁၇ ရက်နိမာ စစ်ကောင်စီက ချက်ချင်းဖြိုခိုင်းလို့ ဖြိုပီးလိုက်ရပနာ ကျန်တန်းထား နှစ်ခုကတော့ ဒေနိ(နိုဗမ်ဘာ ၁၈ ရက်နိ) ညဇာပိုင်း အပြီးဖြိုဖျက်ပီးရဖို့လို့ အမိန့်ထုတ်ထားကြောင်း ဒေသခံတိက ပြောပါရေ။
အဂုပိုင် ကျေးရွာတချို့နန့်မြို့သို့ ချိတ်ဆက်ထားရေ တန်းထားတိကို စစ်ကောင်စီက ဖြိုဖျက်ခိုင်းနီလို့ ဒေသခံပြည်သူတိ လားလာရီး အခက်ကြုံနီကတ်ရကြောင်း သိရပါရေ။