
APM၊ အောက်တိုဘာ ၁၈/၂၀၂၃
ကျောက်တော်မြို့နယ်၊လိပ်မကျေးရွာတွင် ပြီးခရေ စပ်တမ်ဘာ ၃၀ ရက်နိက စိတ်ဝေဒနာသျှင်အမျိုးသမီးတယောက် အဓမ္မပြုကျင့်ခံရခရရေဆိုပနာ အောက်တိုဘာ ၁၇ ရက်နိ၊မိုးထ ၁၀ နာရီ ၃၀ မိနစ်က အာရက္ခပြည်သူ့အစိုးရ၏ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မာ တိုင်တန်းထားကြောင်း သိရပါရေ။
အဓမ္မပြုကျင့်ခံရရေ ဆိုရေ အမျိုးသမီးစွာ လိပ်မကျေးရွာက အဖ()၊အမိ()၏ သမီး မ(***)(၂၂ နှစ်) ဖြစ်ပြီးကေ တရွာတည်းနီ အသက် ၆၆ နှစ် အရွယ် အိမ်ထောင်သည်အမျိုးသားဖြစ်သူ ဦးမောင်လှ(နာမည်လွှဲ) က အဓမ္မပြုကျင့်ခရေလို့ တိုင်ထားစွာပါ။
တိုင်ချက်အရ ဦးမောင်လှစွာ ၂၀၂၃ ခုနှစ်၊ စပ်တမ်ဘာ ၃၀ ရက်နိ၊နိခင်း ၁၁ နာရီလောက်မာ သူ၏ မယားနန့် သမီး လယ်ပြင်သို့လားချိန် စိတ်ဝေဒနာခံစားနီရရေ မ(***) ကို သူ့အိမ်တွင်းသို့ ချော့မော့ခေါ်ယူပနာ အဓမ္မပြုကျင့်ခရေလို့ ဆိုထားပါရေ။
အဓမ္မပြုကျင့်ခံရရေလို့ဆိုရေ စိတ်ဝေဒနာသျှင် အမျိုးသမီးစွာ လက်ဟိမာကျန်းမာရီးကောင်းမွန်ပြီးကေ အဓမ္မပြုကျင့်ကြောင်းစွပ်စွဲခံထားရသူ ဦးမောင်လှကိုတော့အောက်တိုဘာ ၁၇ ရက်နိ၊ နိခင်း ၁၁ နာရီမာ အာရက္ခပြည်သူ့အစိုးရ၊ ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့က စစ်ဆီးနီရေလို့ သိဟိရပါရေ။
ရက္ခိုင်ပြည်မာ ဒေလအတွင်းအဓမ္မ ပြုကျင့်မှုဖြစ်စဥ် ဒါဇင်နန့်ချီ ဟိလာနီပြီးကေ ယင်းအထဲမာ အသက်မပြည့်သိမ့်ရေ အချေတိ၊ စိတ်ဝေဒနာသျှင်တိ၊ လီဖြတ်ထားရေ အမျိုးသမီးတိ ပါဝင်နီစွာတွိရပါရေ။
