APM ၊ အောက်တိုဘာ ၁၈/ ၂၀၂၃
အောက်တိုဘာ ၁၇ ရက်နိက ဂါဇာမြို့ဟိ အယ်အာလီအာရပ် ဆီးရုံပေါက်ကွဲမှုကြောင့် ဆီးရုံတွင်းဟိ ပါလက်စတိုင်း ၅၀၀ လောက်သီဆုံးလားရေလို့ ပါလက်စတိုင်းကျန်းမာရီးဝန်ကြီးဌာနကထုတ်ပြန်ထားပါရေ။
ယင်းပေါက်ကွဲမှုစွာ အစ္စရေးလီကြောင်းတိုက်ခိုက်မှုကြောင့်ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်တေလို့ ဂါဇာကမ်းမြောင်ဟိ ကျန်းမာရီးအာဏာပိုင်တိနန့် ပါလက်စတိုင်းအာဏာပိုင်တိကဆိုပါရေ။
အဆိုပါစွပ်စွဲမှုကို အစ္စရေးဖက်ကငြင်းဆိုထားပြီးကေ ပါလက်စတိုင်းဖက်က ပစ်ခတ်လိုက်တေ ဒုံးကျည်စွာ လမ်းလွဲပနာ ဆီးရုံသို့ကျရောက်လားစွာလို့ တုံ့ပြန်ပြောဆိုထားပါရေ။
ဆီးရုံပေါက်ကွဲမှုကြောင့် ဂျောဒန်နိုင်ငံခြားရီးဝန်ကြီး အေမင် ဆဖဒီ က သမ္မတ ဂျိုးဘိုင်ဒစ်၊ အီဂျစ်၊ ပါလက်စတိုင်းဂေါင်းဆောင်တိနန့်တတူ အမ်မန်မာ လက်ခံကျင်းပဖို့ ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်ပါရေ။
အယ်အာလီဆီးရုံမပေါက်ကွဲခင် အစ္စရေးတိုက်ခိုက်မှုတိကြောင့် ဂါဇာမာ အနည်းဆုံးလူ ၂၂၇၈ ယောက်သီဆုံးခပြီးကေ ၉၇၀၀ ယောက်ဒဏ်ရာရဟိခရေလို့ ဂါဇာကျန်းမာရီးဝန်ကြီးဌာနက ထုတ်ပြန်ထားပါရေ။
အလားတူ အစ္စရေးတောင်ပိုင်းမာလေ့ ဟားမတ်စ်ရို့၏ တိုက်ခိုက်မှုအတွင်း လူ ၁၄၀၀ ကျော်သီဆုံးခပြီးကေ အများစုစွာ အရပ်သားတိလို့သိရပါရေ။
Source – Hundreds killed in Gaza hospital blast, West Bank protests flare
Photo- Reutes/ AFP