
APM၊ ဂျန်နဝါရီ ၁၈ / ၂၀၂၅
ဂျန်နဝါရီ ၁၅ ရက်နိမာ စစ်ကျန်မိုင်းနင်းမိလို့ ခြီတဖက်ပြတ်ထွက်လားရေ မောင်တောမြို့နယ်၊ သင်္ဘောလှရွာက အမျိုးသမီး ဆီးကုသဖို့အတွက် လူသားချင်းစာနာထောက်ထားရီးနန့် ပူးပေါင်းဆောင်ရွက်ရီးရုံး(HDCO)က ဒေနိ(ဂျန်နဝါရီ ၁၈ ရက်နိ) မာ ငွေ ၄ သိန်း လားရောက် ထောက်ပံ့ပီးခရေလို့ သိရပါရေ။
အကြမ်းဖက် စစ်ကောင်စီထောင်ထားခရေ စစ်ကျန်မိုင်းတလုံးကိုနင်းမိပနာ ခြီထောက်တဖက်ပြတ်ထွက်လားသူက သင်္ဘောလှရွာက မနေဇာခိုင်(၂၁နှစ်)ဖြစ်ပါရေ။
သူစွာ ရွာအပြင်ဖက်မာ စစ်ကောင်စီတပ်စွဲခရေနီရာသို့ ဟင်းရှာစောင်လားရာက စစ်ကောင်စီထောင်ထားခရေမိုင်းကို နင်းမိပနာ ဘယ်ဖက်ခြီကျင်းဝတ်ပြတ်ထွက်လားပြီးကေ ဆီးကုသမှု ခံယူနီရပါရေ။
HDCO က မနေဇာခိုင်အတွက် ငွေ ၄ သိန်းကျပ်ကို ဒေနိမာ လာရောက်ထောက်ပံ့ပီးခရေလို့ မိသားစုဝင်တယောက်က Arakan Princess Media ကို ပြောပါရေ။
“မိုင်းနင်းလို့ခြီပြတ်လားရေ မနေဇာခိုင်ကို HDCO က ဖေသာ ၄ သိန်း ဒေနိ ထောက်ပံ့လာပါရေ။ မိသားစုဝင်တယောက်အနီနန့် အများကြီးဝမ်းမြောက်ရပါရေ၊ ကျေးဇူးလည်းအများကြီး တင်ပါရေ” လို့ ဝရီးတော်စပ်သူက ဆိုပါရေ။
တောတောင်ဒေသတိကို မှီခိုပြီးကေ သက်မွီးဝမ်းကျောင်းပြုနီရရေ အာရက္ခဒေသနီပြည်သူလူထုတိစွာ မိုင်းနန့်စစ်ကျန်လက်နက် အန္တရာယ်ကို မကြာမကြာ ကြုံတွိရင်ဆိုင်နီကတ်ရပါရေ။
ULA/AA ကလည်း အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းချခရေနီရာတိ၊ တိုက်ပွဲဖြစ်ပွားခရေနီရာဝန်းကျင်တိသို့ မလားလာကတ်ဖို့၊ စစ်ကျန်လက်နက်တိနန့်ပတ်သက်ပြီးကေ အသိပညာပီးလုပ်စွာတိ ၊ တားမြစ်နီရာသတ်မှတ် စောင့်ကြည့်စွာတိကိုလည်း လုပ်ဆောင်လို့ ဟိပါရေ။
ရက္ခိုင်မာ တိုက်ပွဲစဖြစ်တေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာလကစလို့ ၂၀၂၄ခုနှစ်၊ နိုဗမ်ဘာလအထိ မြီမြှုပ်မိုင်းကြောင့် အရပ်သား ၃၁ ယောက် သီဆုံးလားပြီးကေ ၇၂ယောက် ဒဏ်ရာရဟိရေလို့ HDCO ၏ ထုတ်ပြန်ချက်အရ သိဟိရပါရေ။
