APM ၊ ဂျန်နဝါရီ ၁၈ / ၂၀၂၃
မြောက်ဦးမြို့နယ်တွင် ဒေနိ(ဂျန်နဝါရီ ၁၈ ရက်နိ) နိခင်းပိုင်းက မြောက်ဦးအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၇၈) တပ်ရင်း အနား၌ ထင်းရှာသူ ဒေသခံ ၁ ယောက် မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး၊ ခြီတဖက်ပြတ်ထွက်လားကြောင်း သတင်းရဟိသည်။
မိုင်းပေါက်ကွဲ၍ ဒဏ်ရာရလားခသူမှာ မြောက်ဦးမြို့နယ်၊ နားဒင်း(ခမီ)ရွာမှ ကိုကျော်ဆန်း(၂၄နှစ်) ဖြစ်ပြီး၊ ကိုကျော် ဆန်းသည် ဒေနိနိခင်း ၁ နာရီကျော်က ခမရ (၃၇၈) တပ်ရင်းအနားဟိ တောင်သို့ ထင်းရှာလားစဉ် မိုင်းနင်းမိခခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲမှုကြောင့် ကိုကျော်ဆန်း၏ညာဖက်ခြီထောက်မှာ ဒူးဆစ်အောက်ကနီ ပြတ်ထွက်လားကာ ဒဏ်ရာ ပြင်းထန်၍ မြောက်ဦးဆီးရုံးကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သိရသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျူလိုင် ၈ ရက်နိကလေ့ အဆိုပါ ခမရ (၃၇၈) တပ်ရင်း အနား၌ နွားကျောင်းနီသည့် မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ် (မူဆလင်ရွာ) က ဆယ်ကျော်သက်အရွယ်အချေ ၄ ယောက်သည် မိုင်းနင်း မိပြီး၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရဟိလားခသိမ့်သည်။
မိုင်းပေါက်ကွဲမှုအများစုမှာ မြန်မာစစ်တပ် တပ်ရင်း၊တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊ မြန်မာစစ်တပ် တပ်စွဲ နီထိုင်ခသည့် နီရာများနန့် အယင်ကတိုက်ပွဲဖြစ်ပွားခသည့်ရွာနားရို့တွင်နွားကျောင်းစဉ်ဖြစ်စီ၊ လယ်ထွန်စဉ်ဖြစ်စီ၊ တောင်သို့ဟင်းရှာလားစဉ်ဖြစ်စီ ပေါက်ကွဲခြင်းဖြစ်သည်။
လက်ဟိ ရက္ခိုင်ပြည်တွင် မိုင်းပေါက်ကွဲမှုကြောင့်လယ်သမားများ ပိုင်ဆိုင်သည့် ကျွဲ၊ နွားသီဆုံးမှုများ၊အရပ်သားများ ၏ ကိုယ်လက် အင်္ဂါ၊ အသက်ဆုံးယှုံးမှုများ ဖြစ်ပေါ်လျက် ဟိနီသိမ့်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှလေ့“ပြည်သူများအနီနန့်မိုင်းအန္တရာယ်ကြောင့်ကိုယ်လက် အင်္ဂါဆုံးယှုံးမှု၊ အသက်ဆုံးယှုံးမှုများ မဖြစ်ရအောင် စစ်ကောင်စီတပ် တပ်ရင်းတပ်ဖွဲ့များနန့် နီးစပ်သော နီရာများ၊ တိုက်ပွဲဖြစ်ပွားခသော နီရာများနန့် အယင်က စစ်ကောင်စီတပ် စခန်းချနီထိုင်ခသော နီရာများသို့ လုံးဝ မလားလာ ကတ်ရန်” အကြိမ်ကြိမ် သတိပီး တိုက်တွန်းထားကြောင်း သိရသည်။