
APM၊ ဒီဇမ်ဘာ ၁၇/၂၀၂၂
စစ်ကောင်စီလက်အောက်၌ တာဝန်မထမ်းဟုဆိုကာ ရသေ့တောင်မြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရီးမှူးအယောက် ၂၀ သည် ဒီဇမ်ဘာ ၁၆ ရက်နိက တပြိုင်နက်တည်းနှုတ် ထွက်စာတင်လိုက်သည်။
နှုတ်ထွက်စာတင်သည့် ကျေးရွာအုပ်ချုပ်ရီးမှူးများမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်မှ ကပ်ချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ညောင်ပင်လယ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ အနောက်ပြင်(မူဆလင်)၊ ကူတောင်၊ မြင်းကန်းချောင်း၊ ဖြူချောင်း၊ ရီပိုက်ဆုံ၊ မင်းဂံ၊ သာစည်ထောင့်၊ ကျွန်းကြီး နန့် ရွှေလောင်းတင် ကျေးရွာများမှ အုပ်ချုပ်ရီးမှူးများ ဖြစ်ကတ်သည်။
ယင်းသို့ နှုတ်ထွက်စာတင်လိုက်ရခြင်းမှာ ၎င်းရို့ကိုယ်တိုင် တာဝန်မထမ်းလိုသည့်အပြင် ရွာသူရွာသားများမှလေ့ စစ်ကောင်စီခန့်အုပ်ချုပ်ရီးမှူးများကို လက်မခံ၍ဖြစ်ကြောင်း နှုတ်ထွက်စာတင်သည့် အုပ်ချုပ်ရီးမှူးများက ဆိုသည်။
ယင်းအပြင် မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်မှ ၎င်းရို့ခန့်အပ်ထားသည့် ရပ်ကျေးအုပ်ချုပ်ရီးမှူးများကိုဖမ်းဆီး၍ ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုမှုများလေ့ဟိနီသည်။
ကုန်ခသည့် နိုဗမ်ဘာ ၁၅ ရက်နိကလေ့ ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရီးမှူး ၇၀ကျော် နှုတ် ထွက်စာတင်ခသိမ့်ကြောင်း သိရသည်။
