APM၊ ဒီဇမ်ဘာ ၁၇/ ၂၀၂၂
ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် အရက်မူး၍ လမ်းမထက်၌ အိပ်နီသူများ ယာဉ်တိုက်ခံရသဖြင့် သီဆုံးမှု များပြားလာနီကြောင်း တိုကျိုရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
တိုကျိုမြို့အတွင်း ယာဉ်တိုက်မှုကြောင့်သီဆုံးခသူစုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းမှာအရက်မူး၍ လမ်းမထက်၌ အိပ်ပျော်နီသူများဖြစ်သည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာ ၂၅ ရက်နိမှစ၍ ယာဉ်မတော်တဆမှုကြောင့် အရက်မူးသမား ၁၀ ထက်မနည်း သီဆုံးခသည်ဟု ရဲတပ်ဖွဲ့က ဖော်ပြ သည်။
ဂျပန်နိုင်ငံတွင် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြီလျှော့ပီးလိုက်ပြီးနောက် ညည့်အချိန် အရက်ဆိုင်များနန့် ဘားများ၌ အရက်သောက်သူများပိုများလာကာ အရက်အလွန် အကျွံသောက်သုံးခြင်းကြောင့် အဂုပိုင်သီဆုံးမှု ပိုများလာခြင်းဖြစ် သည်။
ထို့ကြောင့် ပြည်သူများအနီနန့် အရက်ကိုလျှော့သောက်ကတ်ပါရန် ရဲတပ်ဖွဲ့မှ အထူး သတိပီးထားပြီး၊ အရက်အလွန်အကျွံသောက်မှုနန့် လမ်းအန္တရာယ်ကင်းယှင်းရီးကို ထိရောက်စွာ လုပ်ဆောင်လားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။
Source – CNN
Photo – Tokyo Times