
APM၊ ဒီဇမ်ဘာ ၁၇/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့်မြန်မာစစ်တပ် အပစ်ရပ်လိုက်ပြီးနောက်ပိုင်း ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရီး ပြန်လည်ပတ်လာကြောင်း သိရသည်။
ပြီးခသည့်တကျော့ပြန်တိုက်ပွဲကာလ ဩဂတ်စ် ၁၃ ရက်နိမှစ၍ အငူမော်-မောင်တောကားလမ်းအပါအဝင် ကုန်းလမ်း၊ ရီလမ်းများကို မြန်မာစစ်တပ်က ပိတ်ထားခသောကြောင့် ရက္ခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရီးလမ်းကြောင်းများလေ့ ပိတ်လားခရသည်။
ယင်းနောက် AA နန့်မြန်မာစစ်တပ်ရို့ နိုဗမ်ဘာ ၂၆ ရက်နိ အပစ်ရပ်လိုက်သည့်နောက်တွင် မြန်မာစစ်တပ်က လမ်းများကို ပြန်ဖွင့်ပီးလိုက်၍ နယ်စပ်ကုန်သွယ်ရီးလုပ်ငန်းများ ပုံမှန်လည်ပတ်လာသည်ဟု ဒေသခံများကပြောသည်။
ယင်းသို့ နယ်စပ်ကုန်သွယ်မှုများ ပြန်၍ လည်ပတ်လာရာတွင် သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုများနီပြီး၊ ရက္ခိုင် ပြည်မှ ထွက်သည့် ငါးခြောက်ကို အများဆုံးတင်ပို့နီရသည်ဟု ကုန်သည်များက ဆိုသည်။
ပုံမှန်အားဖြင့် ရက္ခိုင်ပြည် မှ ဘင်္ဂလားဒေ့ရှ်သို့ လယ်ယာထွက်ကုန်များ၊ ရီထွက်ကုန်များ၊ သစ်တောထွက်ကုန်များ နန့် စက်မှုကုန်ချောများကို ပင်လယ်ရီကြောင်းနန့် နယ်စပ်မှတဆင့် တင်ပို့နီခြင်းဖြစ်သည်။
ပုံမှန်အနေအထား၌ ရက္ခိုင်ပြည်မှ ဆန်အပါအဝင်လယ်ယာထွက်ကုန်များ၊ ငါး၊ ကဏန်း၊ ပုစွန်အပါအဝင် ရီထွက် ကုန်များကို စစ်တွေနန့် မောင်တော နယ်စပ်ကုန်သွယ်ရီးစခန်းနှစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိက တင်ပို့နီခပြီး၊ ဘင်္ဂလားဒေ့ရှ် မှ သံနန့်သွပ်ထည်များ၊ ပလပ်စတစ်ပစ္စည်းများကို ရက္ခိုင်ပြည်သို့ တင်သွင်းနီခသည်ဟု ရက္ခိုင် ကုန်သည်များထံမှ သိရသည်။
