APM၊ ဒီဇမ်ဘာ ၁၇/၂၀၂၂
ပြင်သစ်အသင်းနည်းပြချုပ် ဒီဒီယာ ဒက်စ်ချမ့်သည် ပြင်သစ်ဘောလုံးသမိုင်း၌ အကောင်းဆုံး နည်းပြတယောက် ဖြစ်ကြောင်း မန်ယူအသင်းနန့် ပြင်သစ်အသင်း၏ ဂန္ထဝင်ဘယ်နောက်ခံလူ ပက်ထရစ်အီဗရာက ချီးမွှမ်းပြောဆိုလိုက်သည်။
ဒက်စ်ချမ့်နန့်ပတ်သက်၍ အီဗရာက “ပြင်သစ်မှာ ကျနော်ရို့က ဒက်စ်ချမ့်ကို လာဘ်ကောင်ချေလို ခေါ်ကတ်တေ။ သူက မယုံနိုင်စရာကောင်းလောက်အောင်ကို နည်းပြကောင်း တယောက်ဖြစ်တေ။ ဒက်စ်ချမ့်၏ အကောင်းဆုံး အရည်အသွီးက အသင်းကို အကောင်းဆုံး တည်ဆောက်နိုင်စွာပါ”ဟု ပြောသည်။
နည်းပြချုပ်ဒက်စ်ချမ့်သည် ၂၀၁၂ ခုနှစ်မှာ ပြင်သစ်အသင်းကို စတင်ကိုင်တွယ်ခပြီး၊ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပီးခသည်။ လက်ဟိကျင်းပနီသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လေ့ ဗိုလ်လုပွဲသို တက်လှမ်းနိုင်အောင်သူ အကောင်းဆုံး ကြိုးပမ်းထားသည်ဟု အီဗရာကဆိုသည်။
ယင်းအပြင် ဒက်စ်ချမ့်သည် အကောင်းဆုံး ကဇတ်သမားများကိုရာ ရွီးချယ် နီရာပီးတတ်သည့် လူမျိုး မဟုတ်ဘဲ အသင်းတသင်းကို တည်ဆောက်ပြီး တသင်းလုံးကို ကြယ်ပွင့်များ ဖြစ်အောင် ပျိုးထောင်ပီးတတ်သူဖြစ်သည်ဟု လေ့ ဂန္ထဝင်ဘယ်နောက်ခံလူ ပက်ထရစ်အီဗရာ က ချီးမွှမ်းပြောဆိုလားခသည်။
Photo- Yahoo Sports