APM၊ ဒီဇမ်ဘာ ၁၇/၂၀၂၂
မြန်မာပြည်တွင် ကိုဗစ်ဒဏ်နန့် စစ်အာဏာသိမ်းမှုဒဏ်ကြောင့် ပြည်သူထက်ဝက်ခန့် ဆင်းရဲတွင်းနက်နီကြောင်း ကုလသမဂ္ဂမှ ဒီဇမ်ဘာ ၁၆ ရက်နိတွင် သတိပီးပြောကြားလိုက်သည်။
မြန်မာပြည်၏ လူဦးရေထက်ဝက်ခန့်သည့် ကိုဗစ်ဒဏ်ကိုခံနီကတ်ရသည့်ကြားမှ စစ်တပ် အာဏာသိမ်းလိုက်သည့်နောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် ဆင်းရဲဒုက္ခရောက်နီကတ်ရကြောင်း ကုလအတွင်းရီးမှူးချုပ်၏ ပြောခွင့်ရ Stephane Dujarric က သတင်းစာယှင်းလင်းပွဲ၌ ပြောကြား လိုက်ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ဟိအချိန်အထိ အိုးအိမ်စွန့်ခွာထွက်ဗြီးနီရသည့် ဒေသခံ ၁ သန်းလောက်ကို UNDP မှ စားနပ်ရိက္ခာများ အပါအဝင် တခြားအကူအညီများကို တိုက်ရိုက်ပီးထားပြီး၊ လာမည့် ၂ နှစ်အတွင်း၌လေ့ နောက်ထပ် လူ ၇ သန်းကို တိုက်ရိုက်အကူအညီထပ်ပီးလားမည်ဟု ဆိုသည်။
လက်ဟိတွင်လေ့ မြန်မာစစ်တပ်နန့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရီးတပ်ဖွဲ့ များအကြား တိုက်ပွဲများပြင်းထန်နီပြီး၊ သီဆုံးဒဏ်ရာရမှုများတိုးလာနီကာ အိုးအိမ်စွန့်ခွာ ထွက်ဗြီးနီကတ်ရသည့် ဒုက္ခသည် အရေအတွက်မှာ တနိတခြား တိုးပွားလာနီသည်ဟု ကုလသမဂ္ဂမှ ထောက်ပြထားသည်။
Photo – UNHCR