
APM ၊ စပ်တမ်ဘာ ၁၇ / ၂၀၂၃
မင်းပြားမြို့နယ်က ရွာပေါင်း ၁၅ ရွာကိုဆက်သွယ်ထားရေ ရွာချင်းဆက်လမ်းမကြီးစွာ လက်ဟိမာ ဆိုးဆိုးဝါးဝါးပျက်နီလို့ ဒေသခံတိခရီးလားလာရီးအခက်ကြုံနီကတ်ရကြောင်း သိရပါရေ။
မင်းပြားမြို့နယ်က မြင်းတင်းမ၊ လက်ခုတ်၊ တောင်ပုက္ကေ၊ နတ်မောင်၊ ကျောက်မော်၊ ပုလဲတောင်၊ ခွဆုံ၊ ရွှီဇင်ယော်၊ ကျောက်ဆုံ၊ စိတ္တရ၊ သလူချောင်း၊ ပြိုင်းချောင်း၊ ငန်းတက်၊ ညောင်ခြုံနန့် အိုးပုံတောင်စရေ ရွာတိကိုဆက်သွယ်ထားရေ လမ်းမကြီးစွာ လက်ဟိမာ ဆိုးဆိုးဝါးဝါး ပျက်စီးနီပါရေ။
ယင်းလမ်းစွာ မြီသားလမ်းဖြစ်ပြီးကေ မိုးကြီးပနာ မိုးရီတိတင်ကျန်ခလို့ တစတစ ပျက်စီးလာပနာ လက်ဟိမာ လားလာလို့ လုံးဝအဆင်မပြေလို့ ဒေသခံတိက ပြောပါရေ။
ယင်းလမ်းမကြီးစွာ ဒေသခံတိ အဓိကအားထား ကုန်စည်သယ်ယူပို့ဆောင်နီကတ်တေလမ်းဖြစ်ပြီးကေ အဂုပိုင် ဆိုးဆိုးဝါးဝါးပျက်စီးနီလို့ လူမှုစီးပွားထိခိုက်နီကတ်ရပနာ အရေးပေါ်လူနာတိကိုဆီးရုံ၊ ဆီခန်းသို့ ပို့ဆောင်ရာမာလည်း အချိန်ကြန့်ကြာနီလို့ အသက်အန္တရာယ်ကိုပင် စိုးရိမ်နီကတ်ရရေလို့ ဆိုပါရေ။
ယင်းအပြင် လမ်းမကြီးတလျှောက် ဗြီးဆွဲနီကတ်တေ ကာသမားတိနန့် ဆိုင်ကယ်ကယ်ရီသမားတိမာလည်း လမ်းပျက်နီလို့ ရပ်နားထားရပြီးကေ ကြုံရာကျဘမ်း ဝင်လုပ်ပနာ စားဝတ်နီရီးအတွက်ရုန်းကန်နီကတ်ရကြောင်း သိရပါရေ။
