APM၊ စပ်တမ်ဘာ ၁၇/၂၀၂၂
နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ် မတရားဖမ်းထားသည့် ကျောက်ဖြူမြို့ခံ ၆ ယောက်ကို မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲလိုက်ကြောင်း သတင်းရဟိသည်။
တရားစွဲခံထားရသူများမှာ ၆ ယောက်မှာ ကျောက်ဖြူမြို့၊ ကလဘာတောင်ရပ်ကွက်မှ ကိုဝင်းအောင် (၂၉နှစ်)၊ ဦးတင်ညွန့် (၄၃နှစ်)၊ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်(၂၉နှစ်)၊ အစိုးရရပ်ကွက်မှ ဆလိုင်းကိုအေး (ခ) ကစိ (၄၃နှစ်)၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက် မှ ဦးဦးဘသန်း (၄၂နှစ်)နန့် ဦးစိုးဝင်းနိုင် (ခ) ဘက်ကာဒေါင်း(၃၁နှစ်) ရို့ဖြစ်ကတ်သည်။
ယင်းအထဲမှ ကိုဝင်းအောင်နန့် ဦးစိုးဝင်းနိုင်ရို့ ၂ ယောက်ကို ကုန်ခသည့် စပ်တမ်ဘာ ၁၀ ရက်နိတွင် ကျောက်ဖြူအခြီစိုက် နယ်ချဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၃၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲဝင်များ နန့် ရဲတပ်ဖွဲ့ပူးပေါင်းအင်အား ၄၀ ခန့်က နီအိမ်
အတွင်းသို့ အတင်းအဓမ္မ စီးနင်းဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်လားခသည်။
ဦးတင်ညွန့်ကိုတော့ သူအလုပ်လုပ်နီသည့် ကျောက်ဖြူလီယာဉ်ကွင်းအနားဟိ ကျောက်ခွဲစက်ရုံ လုပ်ငန်းခွင်ထဲထိ ဝင်ရောက် ဖမ်းဆီးလားခခြင်းဖြစ်ပြီး၊ ကိုဝင်းနိုင်၊ ဆလိုင်းကိုအေးနန့် ဦးဦးဘသန်း ရို့ကို စပ်တမ်ဘာ ၇ ရက်နိက ဖမ်းယူလားခခြင်းဖြစ်သည်။
သူရို့ ၆ ယောက်စလုံးကို ကုန်ခသည့် စပ်တမ်ဘာ ၁၄ ရက်နိ၌ ရုံးထုတ်စစ်ဆီးခပြီး ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရကာ ခလရ (၃၄) တပ်ရင်းမှ တဆင့် ကျောက်ဖြူအကျဉ်းထောင်သို့ လွှဲပြောင်းပီးလိုက်သည်ဟု မိသားစုဝင်များကပြောသည်။
လက်ဟိတွင် ၎င်းရို့အား ကျောက်ဖြူထောင်ချုပ်၌ ထိန်းသိမ်းထားပြီး လာမည့်စပ်တမ်ဘာ ၂၈ရက်နိကိုထပ်မံရုံးချိန်းထားကြောင်း သိဟိရသည်။
(Zawgyi)
နယ္ခ်ဲ႕ အၾကမ္းဖက္ စစ္ေကာင္စီတပ္ ဖမ္းထားသည့္ ေက်ာက္ျဖဴၿမိဳ႕ခံ ၆ ေယာက္ကို ၅၀၅(က)ျဖင့္ တရားစြဲ
APM၊ စပ္တမ္ဘာ ၁၇/၂၀၂၂
နယ္ခ်ဲ႕အၾကမ္းဖက္ စစ္ေကာင္စီတပ္ မတရားဖမ္းထားသည့္ ေက်ာက္ျဖဴၿမိဳ႕ခံ ၆ ေယာက္ကို ျမန္မာျပည္ဆူပူလႈံ႕ေဆာ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ တရားစြဲလိုက္ေၾကာင္း သတင္းရဟိသည္။
တရားစြဲခံထားရသူမ်ားမွာ ၆ ေယာက္မွာ ေက်ာက္ျဖဴၿမိဳ႕၊ ကလဘာေတာင္ရပ္ကြက္မွ ကိုဝင္းေအာင္ (၂၉ႏွစ္)၊ ဦးတင္ၫြန႔္ (၄၃ႏွစ္)၊ ေစတီေတာင္ရပ္ကြက္မွ ကိုဝင္းႏိုင္(၂၉ႏွစ္)၊ အစိုးရရပ္ကြက္မွ ဆလိုင္းကိုေအး (ခ) ကစိ (၄၃ႏွစ္)၊ ရခိုင္ပိုက္ဆိပ္ရပ္ကြက္ မွ ဦးဦးဘသန္း (၄၂ႏွစ္)နန႔္ ဦးစိုးဝင္းႏိုင္ (ခ) ဘက္ကာေဒါင္း(၃၁ႏွစ္) ႐ို႕ျဖစ္ကတ္သည္။
ယင္းအထဲမွ ကိုဝင္းေအာင္နန႔္ ဦးစိုးဝင္းႏိုင္႐ို႕ ၂ ေယာက္ကို ကုန္ခသည့္ စပ္တမ္ဘာ ၁၀ ရက္နိတြင္ ေက်ာက္ျဖဴအၿခီစိုက္ နယ္ခ်ဲ႕ အၾကမ္းဖက္ စစ္ေကာင္စီတပ္ ခလရ (၃၄) တပ္ရင္းမွ စစ္ေကာင္စီတပ္ဖြဲဝင္မ်ား နန႔္ ရဲတပ္ဖြဲ႕ပူးေပါင္းအင္အား ၄၀ ခန႔္က နီအိမ္
အတြင္းသို႔ အတင္းအဓမၼ စီးနင္းဝင္ေရာက္ကာ ဖမ္းဆီးေခၚေဆာင္လားခသည္။
ဦးတင္ၫြန႔္ကိုေတာ့ သူအလုပ္လုပ္နီသည့္ ေက်ာက္ျဖဴလီယာဥ္ကြင္းအနားဟိ ေက်ာက္ခြဲစက္႐ုံ လုပ္ငန္းခြင္ထဲထိ ဝင္ေရာက္ ဖမ္းဆီးလားချခင္းျဖစ္ၿပီး၊ ကိုဝင္းႏိုင္၊ ဆလိုင္းကိုေအးနန႔္ ဦးဦးဘသန္း ႐ို႕ကို စပ္တမ္ဘာ ၇ ရက္နိက ဖမ္းယူလားချခင္းျဖစ္သည္။
သူ႐ို႕ ၆ ေယာက္စလုံးကို ကုန္ခသည့္ စပ္တမ္ဘာ ၁၄ ရက္နိ၌ ႐ုံးထုတ္စစ္ဆီးခၿပီး ၅၀၅(က)ျဖင့္ တရားစြဲဆိုခံထားရကာ ခလရ (၃၄) တပ္ရင္းမွ တဆင့္ ေက်ာက္ျဖဴအက်ဥ္းေထာင္သို႔ လႊဲေျပာင္းပီးလိုက္သည္ဟု မိသားစုဝင္မ်ားကေျပာသည္။
လက္ဟိတြင္ ၎႐ို႕အား ေက်ာက္ျဖဴေထာင္ခ်ဳပ္၌ ထိန္းသိမ္းထားၿပီး လာမည့္စပ္တမ္ဘာ ၂၈ရက္နိကိုထပ္မံ႐ုံးခ်ိန္းထားေၾကာင္း သိဟိရသည္။