APM၊ သြဂတ်စ် ၁၇ /၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နန့်တရားစွဲခံထားရ သည့်မင်းပြားက ဓာတ်ပုံဆရာတယောက်အပါအဝင် ကျောက်တော်က ၇ ယောက်အမှုမှာ လက်ဟိ တနှစ်နီးပါးကြာ သည့်တိုင် တစုံတရာ မစစ်ဆီးနိုင်သိမ့်ကြောင်းသိရသည်။
ပုဒ်မ ၁၇(၁) နန့် တရားစွဲဆိုခံထားရလူ ၇ ယောက်မှာ မင်းပြားက အပျော်တမ်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်၊ ကျောက်တော် မြို့နယ်၊ ဝပြန်ရွာက ကိုမောင်ထွန်းလှိုင်၊ ကိုမောင်သန်းဌေး၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာမှ ဦးသန်းစိုး၊ အောင်ဖြူပြင်ရွာက ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူရွာသစ်က ကိုမောင်ချေ(ခ) မောင်မျိုးကိုနန့် မြောက်ဦးမြို့၊ မဟိန်ဂျီရပ်ကွက်က ကိုကျော်မောင်လင်း ရို့ ဖြစ်ကတ်သည်။
၎င်းရို့သည် ပြီးခသည့် ၂၀၂၂ ခုနှစ်၊ AA နန့်မြန်မာစစ်တပ်ရို့တကျော့ပြန်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်၏ စစ်ဆီးရီးဂိတ်အသီးသီးတွင် အဖမ်းခံခရသည်။
ယင်းနောက် မြန်မာစစ်တပ်က AA နန့်ဆက်စပ်သည်ဟု စွပ်စွဲလျက် ကျောက်တော်မြို့နယ်တရားရုံး၌ ပုဒ်မ ၁၇ (၁) နန့်တရားစွဲထားခသည်။
အဆိုပါဒေသခံ ၇ ယောက်အမှုအား ကျောက်တော်မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက သြဂတ်စ် ၁၄ ရက်နိရုံးချိန်း အပါအဝင် ရုံးချိန်းတိုင်း၌ အကြောင်းအမျိုးမျိုးပြကာစစ်ဆီးခြင်းမဟိဘဲ အကြိမ်ကြိမ် ရုံးချိန်း ရွှိနီခြင်းကြောင့် လက်ဟိ အမှုမှာ တနှစ်နီးပါးကြာသည့်တိုင် တစုံတရာ စစ်ဆီးနိုင်ခြင်း မဟိသိမ့်ဟု မိသားစုဝင်များက ပြောသည်။
တရားစွဲခံထားရသူများ၌ အများစုမှာ ဆင်းရဲ နွမ်းပါးသူများဖြစ်ကတ်၍ လက်ဟိ ၎င်းရို့၏ မိသားစုဝင်များမှာ နီထိုင် စားသောက်ရီးဆိုးဆိုးဝါးဝါးအခက်ကြုံနီကတ်ရပြီး၊ အဖက်ဖက်ကနစ်နာနီကတ်ရ၍ အမှုကို အယင်ဆုံး အပြီးသတ်ပီးရန် မိသားစုဝင်များ လိုလားနီကတ်သည်။
လက်ဟိတွင် အဆိုပါ ပုဒ်မ ၁၇(၁) တရားစွဲခံထားလု ၇ ယောက်အား ကျောက်တော်ကမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး လာမည့် သြဂတ်စ် ၂၈ ရက်နိသို့ ထပ်မံရုံးချိန်းထားကြောင်း သိဟိရသည်။