
APM ၊ သြဂတ်စ် ၁၇ / ၂၀၂၃
ဥရောပကဇတ်သမားများ နန့် ပြိုင်ဆိုင်မှုပြင်းထန်လာအောင် ဆော်ဒီပရိုလိဂ်ကို အသွင်ကူးပြောင်းထားမှုသည် အယ်လ်နာ ဆာတိုက်စစ်မှူး စီရော်နယ်ဒို၏ စွမ်းဆောင်မှုကြောင့်ဟု အလ်-ဟီလာ တိုက်စစ်မှူးသစ် နေမာ က ချီးမွမ်းပြောဆိုလိုက်သည်။
နေမာ က “ခရစ္စတီယာနို ရော်နယ်ဒိုစွာ ဆော်ဒီလိဂ်ပိုတိုးတက်လာအောင် စတင်ခစွာပါ။ လူတိကတော့ သူကို ဆော်ဒီလိဂ် ပြောင်းလာလို့ အရူး လို့ ပြောကတ်စွာ ကျနော်လေ့သိပါရေ။ အဂု သူ့ကြောင်း ဆော်ဒီလိဂ်က တိုးတက်လာ စွာတွိရပါရေ” ဟု သြဂတ်စ် ၁၆ ရက်နိ အပြောင်းအရွှိအပြီး ပြုလုပ်သည့် ပထမဆုံးအင်တာဗျူးတွင် ပြောကြားခသည်။
ယင်းအပြင် ဒေဂု အရည်အသွီးမြင့်ကဇတ်သမားတိ ထိတ်တိုက်တွိဆုံရဖို့စွာ စိတ်လှုပ်ယှားနီပါဗျာယ်။ အထူးသဖြင့် ရော်နယ်ဒို၊ ဘန်ဇီမာ၊ ဖာမီနို ရို့ နန့် ရင်ဆိုင်ရဖို့ပွဲစဉ်တိက ပိုပြီးယှဉ်ပြိုင်မှု အားကောင်းပါဖို့ ဟု နေမာ က ထပ်လောင်း ပြောကြားသည်။
အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ပီအက်စ်ဂျီအသင်းတွင် ခြောက်နှစ်ကြာကဇတ်ခပြီးနောက် သြဂတ်စ် ၁၅ ရက်နိက ဆော်ဒီကလပ် အယ်လ်-ဟိလာ အသင်းသို့ ယူရိုသန်း ၉၀ တန် နှစ်စာချုပ်နန့် ပြောင်းရွှိခသည်။
ဆော်ဒီပရိုလိဂ်သည် ဥရောပကလပ်များမှ ထိပ်တန်းကဇတ်သမားများ နန့် နည်းပြများကို ဆွဲဆောင်ရန်အတွက် ယူရိုသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Source- Neymar credits Ronaldo for Saudi Pro League transformation/Reuters
Photo- The National
