
APM၊ သြဂတ်စ် ၁၇/၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ် ကုလားတန်မြစ်တလျှောက် ကျေးရွာပေါင်း ၂၀တွင် လယ်ဧကပေါင်း ၃၄၉၆ ၀ဧက ရီမြုပ်ပျက်စီးလား၍ ယင်းအတွက် ပျိုးစပါးပင်များ အပူတပြင်းလိုအပ်နီကြောင်းသိရသည်။
လက်ဟိကာလသည် မိုးဦးပိုင်းမဟုတ်၍ စပါးကြဲချိန်လွန်နီခြင်းကြောင့် စိုက်ပျိုးရန် ပျိုးစပါးပင်များ လိုအပ်ကြောင်း ဒေသခံလယ်သမားများက ဆိုသည်။
APM မှ ရဟိထားသော စာရင်းများအရပုဏ္ဏားကျွန်းမြို့နယ်၌ ပျိုးစပါးပင်များလိုအပ်သည့် ကျေးရွာများမှာ လက်ဝံမြန်၊ င/ပြောက်ဆည်၊ဒါးပိုင်၊လက်မဆိပ်၊သဲတက်၊ယိုးငူ၊မှိုဟင်းတော၊ယိုးတရုပ်၊ဘဲခိုး၊သပေါ့ချောင်း၊ပေါက် တူးပေါက်၊မာန်အောင်သား၊ ကြိမ်ချောင်း၊ဆားငံကန်၊အုန်းထိုးတန်း၊ဂဏန်းတောင်၊ အောက်မြတ်လှဲ၊ကင်းဇွန်းချောင်း၊ပက်ခွပ်ဆိပ် ၊ ညောင်ခြုံ စသည့်ကျေးရွားများဖြစ်သည်။
အဆိုပါကျေးရွာများအနက် အများဆုံးပျက်စီးလားဟိသည့် ကျေးရွာမှာ လက်ဝဲမြန်(၈၅၀ဧက)၊ အုန်းထိုးတန်း (၃၀၀ဧက)၊ကင်းစွန်းချောင်း (ဧက ၃၀၀)၊ဒါးပိုင်(၂၂၀ဧက) ဖြစ်ပြီး အားလုံးစုစုပေါင်းမှာ ၃၄၉၆၀ ဧက ဖြစ်သည်။
လက်ဟိတွင် ပျိုးစပါးပင်များ ဈီးနှုန်းအဆမတန်နန့်မြင့်မားနီသဖြင့် ဝယ်စိုက်ရန်အခက်ကြုံနီရကြောင်း လက်ဝဲမြန်ရွာမှ လယ် သမားများက ပြောသည်။
ယင်းအပြင် ပျိုးစပါးပင်မရ၍ လယ် သမားတချို့မှာ လက်လျှော့ကာမိမိရို့လယ်ကိုစပါးမစိုက်ဘဲ စွန့်လွှတ်ထား လိုက်ယာဖြစ်ကြောင်း ဆိုသည်။
ယေဇူးနန့် အဆိုပါပျက်စီးနီသည့် လယ်များတွင် စပါးစိုက်ပျိုးနိုင်ရန် ပျိုးစပါးပင်များအပူတပြင်းလိုအပ်နီပြီး အချိန်မလွန်ခင် အကူအညီများအ ယင်ဆုံး ရဟိရန် သီရီးရှင်ရီးအထူးလိုအပ်လျက်ဟိပါကြောင်း လယ်သမားများက မိတ္တာ ရပ်ခံပြောဆိုကတ်ပါသည်။
