
APM ၊ ဩဂတ်စ် ၁၇/ ၂၀၂၃
ထိုင်းနိုင်ငံ၊ ကန်ကျနာဘူရီခရိုင်တွင် ဩဂတ်စ် ၁၆ ရက်နိက မြန်မာလုပ်သားများ တင်ဆောင်လာသည့် ပစ်ကပ်ကားတစီး ရှိကလာသည့် သစ်တင်ကားကို ဝင်တိုက်မိ၍ အမျိုးသမီး ၁ယောက်သီဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရလားကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုသည် ဩဂတ်စ် ၁၆ ရက်နိ၊ မိုးထ ၅နာရီခွဲလောက်က ကန်ကျနဘူရီခရိုင်၊ ကဲင်စိယန့်ကျေးရွာဟိ သယ်ယူပို့ဆောင်ရီး ဦးစီး ဌာနရုံးအရှိ အမြန်လမ်းမကြီး (၃၂၃) တွင်ဖြစ်ပွားခခြင်းဟု ခရိုင်ရဲစခန်းက ဆိုသည်။
ယာဉ်တိုက်မှုအတွင်း မြန်မာလုပ်သားအမျိုးသမီးတယောက်သီဆုံးခပြီး သီဆုံးခသည့်အမျိုးသမီး၏ ၆ သားအရွယ် အချေ တယောက်အပါအဝင် မြန်မာလုပ်သား ၅ ယောက်ဒဏ်ရာရလားခသည်။
မြန်မာလုပ်သားများလိုက်ပါလာသည့် ပစ်ကပ်ကားယာဉ်မောင်းမှာ မြန်မာပြည်သားဖြစ်ပြီး ကားတွင်လိုက် ပါလာလူ များမှာလေ့ တရားဝင်အလုပ်သမားများဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် သီဆုံးလူ၏ ရုပ်အလောင်းနန့် ထိခိုက်ဒဏ်ရာရလူများကို လူမှုကယ်ဆယ်ရီးအဖွဲ့များက ဖဟွန် ဖွန်ဖယွတ်ဆီးရုံကြီးသို့ ပို့ဆောင်ပီးခကတ်ကြောင်း တာဝန်ဟိသူများက ပြောကြားချက်အရ သိဟိရသည်။
Source – Woman killed when pickup rear-ends truck
Photo Bangkok Post
