APM၊ ဩဂတ်စ် ၁၇/ ၂၀၂၃
ဒေနိ(ဩဂတ်စ် ၁၇ရက်)နိ၊ ညဇာဖက် ၇ နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လီဖိအားနည်းရပ်ဝန်း တခု ထပ်မံဖြစ်ပေါ်နီပြီး ရက္ခိုင်ပြည်နန့် တခြားဒေသများတွင် နက်ဖြန် ဩဂတ်စ် ၁၈ ရက်နိ မိုးကြီးနိုင်ကြောင်း မိုးလီဝသနန့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လီဖိအားနည်းရပ်ဝန်း(Low Pressure Area)တခု ဖြစ်ပေါ်နီပြီး၊ အဆိုပါ လီဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဖက်သို့ ရွိလျားနိုင်ကြောင်း ခန့်မှန်းထားသည်။
ယင်းလီဖိအားနည်းရပ်ဝန်းအဟိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်ရို့တွင် မုတ်သုံလီ အားအသင့် အတင့်မှ အားကောင်းနီပြီး နက်ဖြန် ဩဂတ်စ် ၁၈ ရက်နိတွင် ရက္ခိုင်ပြည်၊ ကချင်ပြည်နန့် မြန်မာပြည်ရို့၌ နီရာကွက်၍ မိုးကြီးနိုင်သည်ဟု ဖော်ပြသည်။
အလားတူ မြန်မာပြည်၌ နီပြည်တော်၊ စစ်ကိုင်းနန့် ကရင်နီပြည်ရို့တွင် နီရာကြဲကြဲမန္တလေး၊ သျှမ်းပြည်(မြောက်ပိုင်း)နန့် ကရင်ပြည်ရို့တွင် နီရာစိပ်စိပ်နန့် ကျန်သည့်ဒေသများတွင် နီရာအနှံ့အပြား မိုးကြီးနိုင်ကြောင်းလေ့ ဖော်ပြထားသည်။
၎င်းလီဖိအားနည်းရပ်ဝန်းကြောင့် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လီပြင်းကျစဉ် ရီပြင်/မြီပြင်လီသည် တနာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်သည်လေ့ ၈ ပေ မှ ၁၀ လောက် အထိမြင့်တက်နိုင်ကြောင်း ခန့်မှန်ထားသည်။
Photo မိုး/ဇလ