
APM၊ သြဂတ်စ် ၁၇ /၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဆိုကာ မြန်မာစစ်တပ်၏ မတရားဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နန့် တရားစွဲခြင်းခံနီရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှ ကိုမောင်သက်စိုး(ခ) ကိုမောင်ချေ အမှုမှာ လက်ဟိ တနှစ်နီးပါး ကြာလာသည်အထိရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရသည်။
ကိုမောင်သက်စိုးမှာ ပြီးခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျောက်တော်မြို့နယ် ကာဒီရွာ(ခ) သဇင်ရွာမှ ဆန်စက် ပိုင်သျှင် ဦးလှမောင်သန်းနန့်အတူ ကန်စောက်အခြီစိုက် အမှတ် (၅၃၉) တပ်ရင်းသို့ အဖော်လိုက်လားစဉ် အဖမ်းခံခရခြင်း ဖြစ်သည်။
ယင်းနောက် မြန်မာစစ်တပ်က ၎င်းရို့ ၂ ယောက်အား မတရားအသင်းဆက်သွယ်မှု ဥပေဒ ပုဒ်မ ၁၇ (၁)နန့် တရားစွဲဆိုပြီး ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၃၁ နန့် ထပ်တိုးတရားစွဲဆိုခသည်။
လက်ဟိတွင် ဦးလှမောင်သန်းမှာ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာကေလေ့ ၎င်းနန့် အဖော်လိုက်လာသည့် ကိုမောင်သက်စိုး မှာ လက်ဟိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမဟိဘဲ တနှစ်နီးပါးကြာသည်အထိ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံယင်း တရား ရင်ဆိုင်နီရသည်။
ကိုမောင်သက်စိုးကို (၁၉)ကြိမ်မြောက်အဖြစ် ဩဂတ်စ် ၁၇ ရက်နိက စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ် တရားသူကြီး ဦးဝင်းနိုင်မှ အယင်နည်းတူ အကြောင်းအမျိုးမျိုးပြကာ တစုံတရာ စစ်ဆီးခြင်းမပြုဘဲ တသိတမင် ထပ်မံ၍ ရုံးချိန်းရွှိဆိုင်းလိုက်ပြန်သည်ဟု သိရသည်။
ကိုမောင်သက်စိုးမှာ ဇနီးနန့်အတူ ၂ နှစ်အရွယ်အ ချေတယောက်ဟိပြီး ၎င်း၏ မိသားစုမှာ လက်ဟိ နီထိုင်စားသောက်ရီး အခက်ကြုံနီရသဖြင့် အပြစ်မဟိလျှင်အယင်ဆုံးပြန်လွှတ်ပီးရန်လိုလားနီကတ်ကြောင်း သိဟိရသည်။
