
APM၊ ဩဂတ်စ် ၁၇/ ၂၀၂၃
ဘင်္ဂလားဒေ့ချ်အစိုးရပိုင် Sonali ဘဏ်သည် အမေရိကန်အစိုးရပိတ်ဆို့ထားသည့် မြန်မာဘဏ် ၂ခု၏ ငွေအကောင့်များကို ဒေဂုအပတ် အတွင်း ပိတ်သိမ်းလိုက်ကြောင်း ဘင်္ဂလားဒေ့ချ်သတင်းဌာနများကဖော်ပြသည်။
ငွေစာရင်းများ ပိတ်သိမ်းခံလိုက်ရသည့် မြန်မာဘဏ် ၂ခုမှာ စစ်ကောင်စီလက်အောက်ဟိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နန့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနန့် ကူးသန်းရောင်းဝယ်ရီးဘဏ် (MICB) ရို့ ဖြစ်သည်။
အမေရိကန် ဒဏ်ခတ်ထားသည့် အဆိုပါ ဘဏ် ၂ ခုစလုံးကို ပိတ်သိမ်းပီးရန် အမေရိကန်အစိုးရက တောင်းဆိုမှုကြောင့် ဘင်္ဂလားဒေ့ချ်က ဒေဂုပိုင် ပိတ်သိမ်းလိုက်ရသည်ဟု ဆိုသည်။
မြန်မာနန့် ဘင်္ဂလားဒေ့ချ်ရို့သည် နယ်နိမိတ်ချင်းဆက်စပ်နီပြီး နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် ငွေပီးချီမှုအများစုကို Sonali ဘဏ် အကောင့်များမှတဆင့် ပီးချီနီရသည်။
ဒေဂုပိတ်သိမ်းခံလိုက်ရသည့် MFTB ဘဏ် ငွေအကောင့်တွင် အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ကျန်သိမ့်ပြီး MICB ဘဏ်ငွေအကောင့်တွင် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ဟိနီသိမ့်ကြောင်း သိရသည်။
“၎င်းဘဏ်နှစ်ခုသည် စစ်ကောင်စီအတွက် လက်နက်နန့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတင်သွင်းခြင်းအတွက် အရေးပါကြောင်း”အမေရိကန်ဘဏ္ဍာရီးဝန်ကြီးဌာနက ပြောဆိုထားသည်။
ယင်းကြောင့် ဘင်္ဂလားဒေ့ချ်သည် စင်္ကာပူနိုင်ငံပြီးလျှင် စစ်ကောင်စီနန့် ပတ်သက်၍ အမေရိကန်၏ ပိတ်ဆို့အရေးယူမှု လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်သည့် ဒုတိယမြောက် ဒေသတွင်း အိမ်နားချင်းနိုင်ငံ ဖြစ်လာသည်။
Source – Bangladesh bank freezes accounts of US-sanctioned Myanmar banks
Photo The Business Standard
