
APM၊ သြဂတ်စ် ၁၇ /၂၀၂၃
Mocha မုန်တိုင်းကြောင့် ပြိုပျက်ခရသည့် ရသေ့တောက်မြို့ပေါ်မှ စစ်ဖီးယှောင်စခန်းများတွင် လက်ဟိ စားနပ်ရိက္ခာများ အခက်ကြုံနီကြောင်း သိရသည်။
ရသေ့တောင်မြို့ပေါ်တွင် စစ်ဖီးယှောင်စခန်း ၂၄ ခုဟိပြီး လူဦးရေ ၁၃၄၇၀ ယောက်ခိုလှုံလျက်ဟိသည်။
မုန်တိုင်းကြောင့် နီစရာအဆောင်များ ပြိုပျက်ခရပြီးနောက် ယာယီအဆောင်များဆောက်လုပ်နီထိုင်ကတ်ရသည့် အဆိုပါ စစ်ဖီးယှောင်စခန်းများတွင် လက်ဟိ စားဝတ်နီရီး ကြီးကြီးမားမား အခက်ကြုံနီကတ်ရသည်ဟု စစ်ဖီး ယှောင်များ ကပြောသည်။
စစ်ဖီးယှောင်အများစုသည် မြို့ပေါ်တွင် နိစားအလုပ်လုပ်၍ စားဝတ်နီရီး ဖြေယှင်းနီကတ်ရသူများဖြစ်ပြီး မုန်တိုင်းတိုက် ပြီးချိန်မှစ၍ နီစရာအဆောင်ကိုရာ ပြုပျင်နီရသည်ဟုဆိုသည်။
ယင်းအပြင် အလုပ်အကိုင်ယှားပါးနီ၍ လက်တလော စားဝတ်နီရီးအတွက် ချီးငှားစားသောက်ကတ်ရကာ အရေးပေါ် အကူအညီများ အပူတပြင်း လိုအပ်နီသည်။
အဆိုပါ စစ်ဖီးယှောင်များမှာ ၂၀၁၈ – ၂၀၁၉ တိုက်ပွဲကာလ နန့် တကျော့ပြန် တိုက်ပွဲကာလအတွင်းကပင် လာရောက်ခိုလှုံ နီထိုင်လာခြင်းဖြစ်ကြောင်းသိရပါသည်။
