
APM ၊ သြဂတ်စ် ၁၇ / ၂၀၂၃
ဒေဂုရာသီတွင် ချန်ပီယံသျှိကလပ်မှ ပရီးမီးယားလိဂ်သို့တန်းတက်လာသည့် လူတန်တောင်းအသင်းသည် နယ်သာလန်ဂိုးသမား တင်ကရူး ကို အလွတ်ပြောင်းရွိကြေးဖြင့် ခေါ်ယူလိုက်ကြောင်း သြဂတ်စ် ၁၇ ရက် (ဒေနိ) တွင် ထုတ်ပြန်သည်။
ပရီးမီယာလိဂ်သို့ ၉ နှစ်အကြာတွင် တန်းတက်လာသည့် လူတန်တောင် အသင်းသည် အသက် ၃၅ နှစ်အရွယ် ဂိုးသမား တင်ကရူး၏ ပြောင်းရွှိကြေးကိုတော့ ထုတ်ဖော်ပြောကြားခြင်းမဟိကြောင်း သိရသည်။
“လူတန်တောင်း အသင်း၏ ကြိုးစားမှုကို အသိမှတ်ပြုပါရေ။ သူရို့က ၉ နှစ်အကြာမှာ ပရီးမီးယားလိဂ်ခရီးသို့ ရောက်ဟိလာစွာပါ။ ဒေပိုင်အရည်အချင်းဟိရေအသင်းနန့် လက်တွဲဖို့ စိတ်လှုပ်ယှားနီပါဗျာယ် ဟု အသင်း၏ ထုတ်ပြန်ချက်တွင် ပြောကြားသည်။
တင်ကရူးသည် ပရိးမီးယားလိဂ်ကလပ် နယူးကာဆယ် နန့် နောဝစ်ချ်စီးတီးအသင်းတွင် ပွဲပေါင်း ၂၀၀ ကျော်ကဇတ်ပီးခပြီး နောဝစ်ချ်စီးတီးနန့်တတူ ချန်ပီယံသျှိဆုဖလား (၂) ကြိမ် ဆွတ်ခူးနိုင်ခသည်။
လူတန်တောင်းအသင်းသည် ဒေဂုရာသီအပြောင်းအရွှိတွင် ၁၀ ယောက်မြောက်အဖြစ် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
Source- Luton sign Dutch keeper Krul from Norwich/Reuters
Photo- Luton Town Football Club
