
APM ၊ ဩဂတ်စ် ၁၇ /၂၀၂၃
ရက္ခိုင်ပြည်ဟိ မောင်တော၊ မြေပုံအပါအဝင် မြို့နယ်တချို့မှ ရီကြီးမှုကြောင့် ပျက်စီးနီသည့် လမ်း၊ တန်းထားများကို အယင်ဆုံးပြုပျင်ရန် လိုအပ်နီကြောင်း သိရသည်။
ဩဂတ်စ်လအစပိုင်းက မိုးကြီး၍ တောင်ကျချောင်းရီကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းဟိ သစ်သားတန်းထား များဖြစ်သည့် လင်္ကျာချောင်းတန်းထားမှာ ရီထဲမျောပါလားသည့်အပြင် မာဇီးတန်းထားမှာလေ့ ကြမ်းခင်း၊ ဘောင်တချို့ ပျက်စီးခရသည်။
အလျား ၂၀၀ ပေ၊ အနံ ၁၂ ပေဟိသည့် မားဇီးတန်းထားမှာ ပျက်စီးမှုနည်းပါးသည့်အတွက် ပြုပျင်ပြီးစီးခကေလေ့ အလျား ၂၆၀ ပေ၊ အနံ ၁၂ ပေဟိသည့် လင်္ကျာချောင်းတန်းထားမှာ လက်ဟိအချိန်ထိ မပြုပျင်နိုင်သိမ့်ကြောင့် ဒေသခံများက ပြောသည်။
လင်္ကျာချောင်းတန်းထားပျက်စီးနီသည့်အတွက် မြဝတီ၊ သက်ကိုင်ညှာ၊ နတ်ချောင်း၊ နန်းရာကိုင်း၊ တမန်းသား၊ ရဲအောင် ချောင်း၊ မင်္ဂလာညွန့်၊ အောင်သပြေအပါအဝင် ကျေးရွာ ၃၀ လောက်မှ ဒေသခံများမှာ လားလာရီး အခက်ကြုံနီကတ်ရပြီး၊ စားနပ်ရိက္ခာများပင် ပြတ်တောက်လာနီသည်ဟု ဆိုသည်။
အလားတူ င/မန်းရဲကျွန်းဟိ ကျေးရွာပေါင်း ၁၁ ရွာလောက်မှ ဒေသခံများ မြေပုံမြို့သို့ လားရာတွင် အသုံးပြုနီရသည့် လမ်းမကြီး (မြီသားလမ်း)မှာလေ့ Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန်ကပင် လမ်းပိုင်းအများစု ပျက်စီးခရပြီး၊ လက်ဟိအချိန်ထိ မပြုပျင်နိုင်သိမ့်၍ ဒေသခံများ လားလာရီး ဆိုးဆိုးဝါးဝါးအခက်ကြုံနီကတ်ရသည်ဟု သိရသည်။
ယင်းကြောင့် ဒေသခံပြည်သူများ၏ စားဝတ်နီရီး၊ စီးပွားရီးများအတွက် လားလာရာတွင် အသုံးပြုနီရသည့် အဆိုပါ ပျက်စီးနီသော လမ်း၊တန်းထားများအား အယင်ဆုံးပြုပျင်ပီးရန် ဒေသခံများက တောင်းဆိုနီကတ်သည်။
ဒေဂုနှစ်မိုးရာသီအတွင်း သဘာဝဖီးအန္တရာယ်အား နှစ်ကြိမ်ဆက်တိုက်ခံခရသည့် ရက္ခိုင်တွင် လမ်း၊ တန်းထားများ ပျက်စီးခမှုကြောင့်လမ်းပန်းဆက်သွယ်ရီးမှာ အယင်ထက် ပိုမိုအခက်ကြုံနီရကြောင်း သိရသည်။
